Uni ☆
Meetingလုပ်နေချိန် Kris သတိရလာပြီဖြစ်ကြောင်း Baek hyung ဖုန်းဆက်လာတော့ Chan အစည်းဝေးခန်းထဲက ပြေးထွက်လာခဲ့လိုက်သည်...
Chan အခန်းတံခါးကို ဝုန်းခနဲ ဆွဲဖွင့်လိုက်ကာ အထဲဝင်လိုက်တော့ ကုတင်ထက် ထိုင်နေသော Krisကိုတွေ့လိုက်ရသည်မို့ Krisအနားသို့ အမြန်ပင် ပြေးသွားလိုက်တော့သည်...
"Kris သတိရလာပြီနော်..."
ထိခိုက်မှုဖြစ်ပြီး တစ်လခွဲအကြာမှာမှ သတိရလာခဲ့သော Krisကို ဝမ်းသာအားရပွေ့ဖက်ရင်း မေးလိုက်မိသည်... ပျော်ရွှင်ဝမ်းသာခြင်းမျက်ရည်တို့ကလည်း ပါးပြင်ထက် မပျက်စီးဆင်းလို့နေသည်...
"ကလေးငယ်..."
Krisဆီက တိုးလျလျခေါ်သံလေးထွက်လာတော့ Chanရဲ့ မျက်ရည်တို့က ပို၍ပင်အတားအဆီးမဲ့စွာကျဆင်းလာတော့သည်...
"ဘာလို့ အဲ့လောက်တောင် အကြာကြီး အိပ်နေခဲ့တာလည်း... Kris အဲ့လို အိပ်နေချိန်မှာ ကျွန်တော် ဘယ်လောက်တောင် ပင်ပန်းနေခဲ့ရလဲ သိရဲ့လားလို့ ဟင့်..."
"Hyung တောင်းပန်ပါတယ်နော်..."
Krisထံမှ တောင်းပန်သံနဲ့အတူ တင်းကျပ်ကျပ်ပွေ့ဖက်မှု... ကိုယ်တိုင်လည်း အလွမ်းတို့ကို အတိုးချကာ ဖက်ထားမိသည်ကို မလွှတ်ပေးမိ...
"Chanလေး Krisက အခုမှ သတိရလာစမို့ နားဖို့လိုသေးတယ်..."
ဘေးနားက သတိပေးလာသော noonaအသံကြားမှ Krisကို ဖက်ထားရာမှ လွှတ်ပေးဖို့ သတိရမိတော့သည်...
"အာ sorry... ဒါနဲ့ noona Kris အခြေနေကရော..."
"အကုန်ကောင်းသွားပြီ... ထိထားတဲ့ခြေထောက်ကတော့ ပြန်ကောင်းဖို့ စောင့်ရဦးမယ်... လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ပေးရင်တော့ ပုံမှန်ပြန်ဖြစ်သွားမှာပါ..."
"ဟုတ်ကဲ့..."
"Krisလည်း နားဦးလေ... မနက်ဖြန်ဆိုရင်တော့ ဆေးရုံကဆင်းလို့ရပြီ..."
"အင်း..."
"ငါသွားပြီ Kris... ညနေ ဂျူတီထွက်မှပဲလာခဲ့တော့မယ် ပြောစရာလည်းရှိတယ်..."