Ep 23

58 8 1
                                    

Uni ♡

ဒီ​နေ့က sundayဖြစ်​ပေမယ့်လည်း Chanတစ်​ယောက် စိတ်လှုပ်ရှားစွာဖြင့် ​​စော​စောနိုး​နေမိသည်... မကြာခင်အချိန်အတွင်းမှာ Krisနဲ့ သူက ဘာမှ​တော်စပ်မှုမရှိ​ကြောင်း အားလုံးသိ​တော့မည်...

ထိုသို့မလုပ်ချင်​ပေမယ့် ညီအကိုဆိုတာကို ပါးစပ်ကမချ​သော Kris​ကြောင့် Chanလုပ်လိုက်ရခြင်းဖြစ်သည်... မဟုတ်ရင် ညီအကိုဆိုတဲ့ စည်း​ကြောင့် Chanဘယ်လိုမှ ​ရှေ့တိုးလို့ရနိုင်မှာမဟုတ်ဘူး...

ပိတ်ရက်ဆို​တော့ Krisမနက်စာ စားတက်တဲ့ အချိန်​လောက်မှန်းပြီး အခန်းထဲကထွက်လာခဲ့​ပေမယ့် ထမင်းစားခန်းထဲ​​ရောက်​တော့ ဘယ်သူမှမရှိစွာတိတ်ဆိတ်လို့​နေသည်...

ဝန်ထမ်း​တွေကို ပိတ်ရက်ဆို နားရက်​ပေးထား​သော Kris​ကြောင့် မရှိကြတာ သိ​ပေမယ့်... Krisက​ရော?... ဘာလုပ်လုပ် အားလုံးကိုအချိန်နဲ့အတိအကျလုပ်တက်တဲ့ Krisက​ရော ဘာလို့ ရှိမ​​နေရတာလဲ...

"သား​လေး မုန့်စား​တော့မလို့လား..."

"ဟုတ် အ​ဒေါ်ကြီး..."

Chanအ​နောက်က​နေ ဝင်လာတဲ့ အ​ဒေါ်ကြီးကို ​ဖြေရင်း စားပွဲတွင် Chanဝင်ထိုင်လိုက်သည်...

"အ​ဒေါ်ကြီး Kris​ရော ဆင်းမလာ​သေးဘူးလား..."

Chan​မေးလိုက်​တော့ Chanအတွက် မုန့်ပွဲပြင်​နေတာကို ရပ်ကာ Chanကိုကြည့်လာတဲ့ အကြည့်​တွေက စိတ်မ​ကောင်းစွာနဲ့...

"သား​လေးတို့ ရန်ဖြစ်ထားကြတာလား..."

"မဟုတ်ပါဘူး အ​ဒေါ်ကြီးရဲ့ ဘာလို့လဲ..."

"Kris ညကပဲ အထုပ်အပိုး​တွေနဲ့ ထွက်သွားပြီ​... အပြင်မှာ ခဏ​လောက်သွား​နေမလို့တဲ့​လေ..."

"ဗျာ!!!..."

ဘာ​တွေဖြစ်ကုန်တာလဲ... Chanလုပ်လိုက်တာ​တွေက Krisကို Chanအနားက ထွက်သွား​စေဖို့မှမဟုတ်တာ...

"Baekhyun hyung..."

ဘယ်အချိန်ထဲက နိုးပြီးအသင့်ရှိ​နေလဲ မသိရတဲ့ Baek hyungက Chan​ခေါ်လိုက်တော့ အနား​ရောက်လာသည်...

"Sehun hyungဆီဖုန်းဆက်​ပေးပါ..."

"အတွင်း​ရေးမှူးOhက ဒီအိမ်မှာပဲကျန်​နေခဲ့ပါတယ်..."

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now