Uni♡
မျက်နှာပေါ် ကျရောက်လာသော အလင်းစူးစူးတို့ကြောင့် မျက်လုံးတို့ကို လက်ဖြင့်ကာရင်း ဖွင့်လိုက်တော့ ပြင်ပမှ နေအလင်းရောင်က တစ်ခန်းလုံးအပြည့်နေရာယူထားသည်...
ကလေးငယ် အခန်းမှာ အိပ်ခဲ့သည်ကို သတိရစွာ ဘေးကို ကြည့်လိုက်တော့ ကလေးငယ်က ရှိမနေတော့ဘဲ နေရာအလွတ်ဖြစ်နေသည်...
Krisထက်တောင်မှ ကလေးငယ်က စောစောနိုးနေပါလားဟုတွေးကာထထိုင်လိုက်ပြီး စားပွဲတင်နာရီယူကြည့်မိတော့ အချိန်က မနက်ဆယ်နာရီတောင်ကျော်နေပြီ...
ညက တော်တော်နဲ့ အိပ်မပျော်တဲ့အကျိုးဆက်က ဒီအချိန်ထိတောင် အိပ်မိသွားသည်တဲ့လား... ဒီနေ့က sundayမို့သာ တော်သေးသည်...
ကလေးငယ်၏ အခန်းထဲကနေထွက်လာခဲ့လိုက်ပြီး Kris မိမိအခန်းထဲသို့ဝင်ကာ ရေချိုးလိုက်သည်...
ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့ပြီးနောက် ထမင်းစားခန်းသို့ အရင်ဦးစွာသွားလိုက်သည်...
"သားKris မနက်စာစားတော့မလား..."
"မစားတော့ဘူး အဒေါ်ကြီး... ကော်ဖီပဲသောက်လိုက်တော့မယ်..."
အဒေါ်ကြီးကို ပြောကာ ကော်ဖီကို ကိုယ်တိုင်ပဲ ဖျော်လိုက်သည်... ထို့နောက် ကော်ဖီခွက်ကို ကိုင်ကာ ခြံထဲဆင်းခဲ့လိုက်သည်...
အလုပ်သမားတွေကိုလည်း နားရက်ပေးထားတာမို့ တစ်အိမ်လုံးက တိတ်ဆိတ်လို့နေသည်...
ကလေးငယ်၏ အရိပ်အယောင်ကိုလည်း မတွေ့မိတာမို့ ကြည့်ရတာအပြင်ထွက်သွားပုံရသည်...
ခြံထောင့်ရှိ စားပွဲတွင်သွားထိုင်ရင်း ကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်ချိန် Sehunက အနားသို့ရောက်လာသည်...
"နိုးပြီလား boss..."
"အင်း..."
ခုံလွတ်တွင်ဝင်ထိုင်းရင်း မေးလာသော Sehunကို ခေါင်းညိတ်ပြလိုက်သည်...
"ကလေးငယ် အပြင်သွားတာလား Sehun..."
"မဟုတ်ပါဘူး... အကိုလေးက Baekhyunနဲ့အတူ ခရီးထွက်သွားပါတယ်..."