Intro💔

190K 6.4K 1.4K
                                    

ခင်ဗျားတို့ဆုတောင်းမှားခြင်းတွေကိုယုံလား......?

အကြွေးတောင်းဖို့လာခဲ့တဲ့ရေစက်ဆိုးတွေနဲ့
အကြွေးဆပ်ဖို့ စောင့်နေရမယ့်ရေစက်ဆိုးတွေ
ဟာ....ထာဝရမလှနိုင်ပါဘူး....။

ကျိန်စာ ဆိုတာ စိတ်အားထက်သန်မှုပြင်းလွန်းရင်
သေသေချာချာထိရောက်နိုင်တယ်....

ဒါဆိုနောင်ဘဝကိုရောယုံလား.....?
ယုံတယ်....ယုံရမယ်....

တောက်လောင်နေတဲ့ အာဂတတွေကို
ဘဝတစ်ခုပြီးတဲ့အထိ မီးမရှို့နိုင်ဘဲ...
နောင်ထပ်ဘဝတစ်ခုအထိ သယ်ပိုးလာနိုင်ခြင်းဟာ
သိပ်ပြောင်မြောက်တဲ့...အမုန်းတရားတစ်ခုကိုပြတာပဲ
အစွဲအလန်းကို အဓိပ္ပာယ်ဖွင့်ဆိုချင်တာပဲ

မျက်နှာမြင် နှိပ်စက်လိုက်ချင်ပါစေ
အသံကြား တောက်ခေါက်နိုင်ပါစေဆိုတဲ့
အမုန်းတရားတွေဟာ....ကမ္ဘာမြေတည်သရွေ့
ပေါက်ဖွားကျယ်ပြန့်နေအုန်းမှာ.....

သွေးနဲ့တောင်းခဲ့တဲ့ တောင်းဆုတွေ
သွေးနဲ့တိုက်ခဲ့တဲ့ ကျိန်စာတွေ...
သွေးနဲ့ရင်းပြီး တစစီစုတ်ဖြဲပစ်ချင်ခဲ့တဲ့
ကျူပ်စိတ်ဝိဥာည်အဆက်ဆက်မှာ

ခင်ဗျားကို သေလောက်အောင်ကိုမုန်းတယ်......။

JEon Jung Kook........။

အရှုံးသမားတွေဟာ....စက္ကန့်တွေတိုင်း
ကိုယ့်စိတ်ကိုယ်မီးလောင်တိုက်သွင်းပြီး
ရှုံးလို့ရှုံးမှန်းမသိ....စိတ်ကြီးဝင်
ရူးနေတတ်ကြတယ်.....

လက်ပိုက်ပြီးဟားတိုက်လှောင်လိုက်ရုံနဲ့
မကောင်းဆိုးဝါးလိုလည်း.....
မိုက်ရိုင်းပြတတ်ကြတယ်.....

မပြုံးပြနဲ့....မုန်းလွန်းလို့ပါတဲ့........။

တန်ဖိုးမဲ့သိက္ခာတရားတွေနဲ့
ဘဝ ကို ရိုင်းစိုင်းဖို့ မွေးဖွားလာတဲ့
လူတစ်ယောက်ကို
ဖြစ်နိုင်ရင် ကိုယ့်ဘက်ကလည်းစေ့စေ့တောင်မကြည့်
ချင်ခဲ့ဘူး....။

မက်မောလောက်တဲ့ကောင်းသော
အချက်လေးတစ်ချက်တောင်
မရှိဘဲ အပြုအမူဆိုးတွေနဲ့
လူဆိုးကောင်စစ်စစ်ကို လူတစ်ယောက်လို့
တောင် ကိုယ့်ဘက်ကလည်းမြင်တာမဟုတ်ခဲ့...။

အရှုံးသမားတွေ....စောက်ရမ်းဟာသဆန်တယ်...။

ParkJimin.......။

ဉာဏ်သုံးရမယ်.....အရောင်တွေအများကြီးနဲ့
ဘဝကိုခြယ်ရမယ်...
မင်းကောက်ကျစ်တယ်လို့ပြောရင်...
ဉာဏ်များရတဲ့ဘဝ သိပ်ကျေနပ်စရာကောင်းကြောင်း
နူတ်ခမ်းတွေကိုသပ်ပြီး စွဲဆောင်မှုရှိရှိ
ပြန်ပြောပေးမယ်...

စနစ်တကျ....လောကကြီးရဲ့
သာယာမှုကို ခံစားမယ်.....
လိုချင်တာလေးတွေကို လက်သွယ်သွယ်လေး
တွေနဲ့ တခုချင်း တခုချင်း သဲ့ယူသွားမယ်...

သိပ်ကြောက်စရာကောင်းတဲ့လူလို့
ပြောရင် မျက်နှာလေးမဲ့ငိုချပြလိုက်မယ်....
ဟင့်အင်း...အဲ့လိုလုံးဝမဟုတ်ပါဘူး....
သူကသိပ်ချစ်စရာကောင်းတာကို......။

မင်းသားတပါးလိုအသက်ရှုမယ်....
ခစားခြင်းတွေမှာပျော်မွှေ့မယ်....

လှလှပပ ကြွကြွရွရွလေး....

ကျဆုံးခဲ့ရရင်တောင် ရီရီမောမောပဲပေါ့....

ဗီလိန်မဆန်ချင်ပါဘူးဗျာ....။

KimTaeHyung......။

..............

အဆင်ပြေရင်တော့ရေးပေးမယ်..
မပြေနိုင်လောက်ဘူးထင်ရင်လည်း
အကြံပေးပေးလို့ရပါတယ်....
လက်ရှိစိတ်အခြေအနေနဲ့က
ဒီလိုဇာတ်အိမ်တွေပဲထွက်လာလို့....💔

မောင်Where stories live. Discover now