💔7💔

35.8K 3.5K 402
                                    

"ကျေးဇူးတင်ပါတယ်သား....
မေမေသားကို ဒီစကားတစ်ခွန်းပဲပြောနိုင်လို့လည်း
အားနာတယ်....သားဖေဖေဆိုးဝါးမှုတွေဟာ
စကားနဲ့ပြောလို့တောင်မလုံလောက်ပါဘူး
မေမေ တကယ်ကျေးဇူးတင်ပါတယ်...."

မေမေဟာလက်တွေကိုနူးနူးညံ့ညံ့ဆုပ်ကိုင်
ထားလျှက်ရောဂါခံစားနေရမှုကိုပြသော
ငြိုးငယ်ငယ်မျက်လုံးတွေသည်အရည်လဲ့နေသည်။

"မေမေ့ ကို ကျတော်ကကျေးဇူးတင်ရမှာပါ...
မေမေဒီလိုလေး ကျန်းကျန်းမာမာရှိပေးတာနဲ့တင်
ကျတော်ရွေးချယ်မှုတွေမှန်ကြောင်း
သံသယတောင်ဝင်စရာမလိုတော့ဘူး"

"ကောင်လေးက သားကိုကြင်နာတယ်မလား.."

ကြင်နာတယ်...?။Jimin မျက်လုံးတွေတောင်မြောက်
ပြေးလွှားသွားကာဒီမေးခွန်၏အဖြေကို
ဘယ်လိုမျိုးဖြေရမှန်းမသိတော့။
မေမေက တကယ်လည်းမေးတတ်ပါ့။

စတွေ့ထဲက ဘယ်လိုရေစက်တွေများရှိခဲ့
လို့အခြောက်တိုက်မုန်းနေကာ
မျက်နှာမြင်တိုင်းဒုက္ခပဲပေးချင်သူ
တမျိုးမဟုတ် တမျိုးတော့ စိတ်ဆင်းရဲသွား
အောင်ကြိုးစားနေတဲ့ JeonJungkookက
ကြင်နာတယ်မလားတဲ့...။

ကြင်နာခြင်းအဆင့်ကိုမတွေးဘဲ
ပုံမှန်ဆက်ဆံရေးတခုကိုတောင်
မကြာခင်မင်္ဂလာဆောင်တော့မယ်
ခုထိJeonJungkookနဲ့သူ့ကြားမတည်ဆောက်နိုင်သေးပါ။
သူကလည်း အားနည်းချက်ကြောင့်
လက်ထပ်ခဲ့ရတာမို့ ထိုအားနည်းချက်အပေါ်
ထပ်မံဖိနှိပ်မှာစိုး၍တစ်ချက်ကလေးမှအလျှော့
မပေးခဲ့။
Jimin သည် အမေဖြစ်သူ၏လက်တွေအား
ခပ်တင်းတင်းလေးပြန်လည်ဆုပ်ကိုင်ကာ

"ကြင်နာပါတယ်...မကြင်နာဘဲ
လက်ထပ်ခြင်းနဲ့အိမ်ထောင်ရေးဆိုတာ
ဖြစ်နိုင်ပါ့မလား မေမေရယ်
ကျတော့်ထက်ငါးနှစ်လောက်ငယ်တဲ့
ကောင်လေးက တခါတလေတော့ဆိုးချင်မှာပေါ့
မေမေလည်းကြားမိနေတယ်ထင်တယ်
ဒါပေမယ့်စိတ်မပူပါနဲ့ သူကျတော့်ကိုကြင်နာပါတယ်"

"သားကအချစ်ခံရမယ့် ကံဇာတာနဲ့ကလေးပါ
သားကို အချစ်နတ်သမီးလေးတွေက
အမြဲတမ်းစောင့်ရှောက်နေမှာ...."

"မေမေက အမြဲတမ်း စိတ်ကူးကောင်း
အတွေးကောင်းလေးတွေရှိတာပဲ
ကျတော့်ကို အေးချမ်းစေတယ်..."

မောင်Where stories live. Discover now