💔9💔

39.7K 3.6K 1.4K
                                    

"သခင်လေးJeon ကော်ဖီရပါပီ"

အကြောက်လွန်နေတာကြောင့်တုန်ရီနေသော
လက်တွေနှင့်ကော်ဖီခွက်ကိုအိမ်အကူကောင်မလေး
ကဖြေးဖြေးလေးချပေးလာသည်။

Jeonသည်ထမင်းစားခန်းအကျယ်ကြီးထဲက
စားပွဲထိပ်ဆုံးတွင်ထိုင်နေကာမာထန်နေသော
မျက်နှာထားမျိုးနှင့်။

သခင်မကြီးနဲ့ရှိတုန်းကလည်းဒီလိုပုံစံအတိုင်း
တပုံစံထဲထိုင်တတ်ကာ စိတ်အလိုမကျသမျှ
အိမ်အကူတစ်ယောက်ချင်းစီကိုပြသနာမျိုးစုံ
ရှာကာအနိုင်ကျင့်တတ်သည်။

အာဏာပြအနိုင်ယူခြင်းဖြစ်ရပ်တွေကိုJeonက
ငယ်ငယ်လေးထဲကအမြင်ရိုးနေကာ
Jeonအိမ်တော်ကအလုပ်သမားတွေကို
ဘယ်သော်အခါမှကောင်းမွန်စွာပြောဆိုပြုမူခြင်းမရှိခဲ့။
ငွေပေးထားတာပဲသူဘယ်လိုပဲဆက်ဆံဆက်ဆံ
ပါးစပ်ပိတ်ခေါင်းငုံ့ပုံသေနည်းကိုသာ
Jeonအသုံးပြုခဲ့ပါသည်။

မေမေက လူအားလုံးအပေါ်ဩဇာငြောင်းခဲ့တယ်
မေမေ ကိုမြင်တာနဲ့အားလုံးကဦးချိုးကြတယ်...
ဒါကို Jeonသိပ်သဘောကျခဲ့တယ်...
မေမေ့ မျက်လုံးတွေကသိပ်လှတယ်...
ထူးဆန်းတဲ့ အတွေးအခေါ်အယူအဆတွေ
ခေါင်းထဲကိုရိုက်သွင်းပေးတဲ့အချိန်တွေတိုင်း
စီးကရက်ဖွာကာခပ်ပြုံးပြုံးမေမေ့ပုံစံက
Jeonမြင်ဖူးသမျှထဲသဘောအကျရဆုံးမြင်ကွင်း။

ကလေးလေးJeonမသိခဲ့တာက
သိပ်ထက်မြက်ပြီး သိပ်စိတ်ဓာတ်ပြင်းထန်ကာ
မာကျောလှသောမိန်းမတစ်ယောက်မှာလည်း
အရှုံးခံယောကျ်ားတစ်ယောက်ရှိနေပြီး
ထိုယောကျ်ားရဲ့ မကြင်နာပေးမှု
ထိုယောကျ်ားရဲ့ဖောက်ပြန်မှု မချစ်ပေးနိုင်မှု
တွေကြောင့် သွားလေသူဟာ မာနမျက်နှာဖုံး
သန်မာခြင်းမျက်နှာဖုံး မောဟမျက်နှာဖုံး
တွေတပ်ခဲ့တယ်ဆိုတာ.....။

Jeonဟာ စားစရာတွေကိုတချက်ကြည့်လိုက်ပြီး
စိတ်ထဲအိပ်ယာနိုးလာထဲကအဆင်မပြေ
တာကြောင့်ဘာမှလည်းမစားချင်...။
ဘေးဘီကိုကြည့်လိုက်ပြီးမေးခွန်းတစ်ခု
ထွက်ကျလာခဲ့သည်။

"ဟိုလူရော......"

ပထမဆုံးစမေးသောမေးခွန်းအားတစ်ယောက်
မျက်နှာတစ်ယောက်ကြည့်ကာအတ္တိအရှိဆုံး
ခေါင်းဆောင်လို လူကြီးတစ်ယောက်က
ရှေ့နားနည်းနည်းတိုးလာကာဖြေပေးသည်။

မောင်Where stories live. Discover now