❤️Extra❤️2

38.1K 3.2K 1.5K
                                    

စတော်ဘယ်ရီတွေချိုမချိူအလုပ်ရှုပ်နေတုန်း
အနားသို့ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာပြီဖြစ်သော အိမ်ကြီးရှင်အတွဲကို
စတော်ဘယ်ရီအတွဲကမော့ကြည့်လိုက်သည်။

"မတွေ့ရတာကြာပြီ MinYoongi...
ပြီးတော့ TaeHyung...."

လူမှုရေးကောင်းလွန်းသောMD Parkဟာ
သေသေသပ်သပ်မျက်နှာရိပ်လေးနဲ့အတူ
ပြုံးပြုံးရီရီပင်စနူတ်ဆက်လာသည်။

"ထိုင်မယ်နော်.....ပြီးမှတခြားဝိုင်းတွေဆက်သွား
မယ် အဝေးကြီးကလာရတဲ့သူတွေကို
ဦးစားပေးရမှာပေါ့..."

"ကိုယ့်ပါတီပဲ...MD အဆင်ပြေသလို
လုပ်ပါ..."

MinYoongi၏စကားကြောင့်Jiminက
သဘောကျသလိုပြုံးကာမောင့်လက်တွေကို
ဆွဲလျှက်ခက်ခက်ခဲခဲထိုင်ခိုင်းလိုက်ရသည်။

"နှစ်သစ်အတူတူလာကူးပေးတာ
ကျေးဇူးတင်ပါတယ် ကျွန်တော်ဒီလိုပါတီမျိုး
လုပ်ချင်နေတာကြာပြီ..ဒီနှစ်မှအကောင်အထည်
ဖော်ရတော့တာပဲ...ခုလိုမိတ်ဆွေဟောင်းတွေ
နှစ်တွေအကြာကြီးနေမှပြန်တွေ့ရတာ
တကယ်ဝမ်းသာပါတယ်...."

"ကျေးဇူးတင်ဖို့မလိုပါဘူး...ခုလိုပြန်ဆုံရတာ
ပြန်ငယ်သွားသလိုပဲ...ဖိတ်ကြားပေးတာကို
ပြန်ကျေးဇူးတင်ပါတယ်..."

ငယ်ရွယ်ခြင်းတွေမှာကောင်းခဲ့တာဘာရှိလို့လဲ။
သူတို့တွေက တစ်ယောက်နဲ့တစ်ယောက်ကြား
ဘာမှမရှိခဲ့သလိုပင်ပြုံးပြုံးကြီးနူတ်ဆက်နေကြတာ။
မောင်ကတော့ဟန်မဆောင်နိုင်။
ဘယ်နှနှစ်ကြာကြာမသိဘူး...။
ဘာအနည်မှလည်းမထိုင်ဘူး....။

MDParkနဲ့ MinYoongiသည်စီးပွါးရေးသမား
အပြောညက်ကျသူသူတွေပီပီ
ကောင်းမွန်စွာနူတ်ဆက်နေပေမယ့်
မောင်သည် စတော်ဘယ်ရီတွေကိုတစ်စိတ်ချင်း
ဖြေးဖြေးချင်းစားနေကာ မထီတထီမျက်နှာ
ဖြင့်TaeHyungကိုမျက်မှောင်ကုတ်ကာကြည့်တော့
TaeHyungက နူတ်ခမ်းတစ်ဖက်ထဲတွန့်ကာ
အပြုံးတုကြီးဖြင့်ပြန်တုံ့ပြန်သည်။

မောင်သည် အဲ့ဒီမျက်နှာကို လွန်ခဲ့သော
နှစ်ပိုင်းတွေထဲကမခံစားနိုင်တာ...
ခုလည်း ဘာဆိုဘာမှမပြောင်းလဲလုပ်ပြနေတုန်း..။

မောင်Where stories live. Discover now