💔34💔

41.1K 3.4K 1.3K
                                    

နိဒါန်းက အမုန်းစာရင်းနဲ့စခဲ့လည်း....
နိဂုံးကတော့...မောင်နှုတ်ခမ်းတွေကို
မက်မက်မောမော နမ်းရင်း ချူပ်ရမယ်.....။

မောင်က ဘုရင်.....
မောင်က အသက်.....
မောင့် မျက်လုံးဝိုင်းတွေက ဘဝတစ်ခုလုံးရဲ့
အစနဲ့ အဆုံးပဲ......

ကာလလွန်တော့ စိတ်မကောင်းစရာ
ParkJimin သ်ိပ်မာယာများသတဲ့.....။
မောင့်ကို ချစ်လို့ များခဲ့တဲ့ မာယာတွေအတွက်
ParkJimin မှာ နောင်တ ဆိုတာ မြူမှုန်တစ်မှုန်တောင်မရှိ။

မလိုသူတွေက...ထပ်ဝေဖန်လေတယ်
ParkJimin သိပ် ဥာဏ်များလွန်းသတဲ့....။
မောင့်ကို လိုချင်လို့ များခဲ့တဲ့ ဥာဏ်ရောင်စုံတွေအတွက်
ParkJimin မှာ ပြောစရာလည်းမရှိပါဘူး.....။

ဒီယောက်ျားက တစ်ဆ ချစ်ပြရင်....
အဆပေါင်းထောင်ချီ ပြန်ပုံအောချစ်ပြီး
မောင့် တက်တူးတွေကို ခပ်ဖွဖွနမ်း
ညတိုင်းအိမ်မက်တွေကိုလှ ပစ်လိုက်မယ်.....။

မောင်က JeonJimin လို့ခေါ်ရင်....
ကမ္ဘာကိုပိုင်သလိုပဲ....။
မောင့် အပိုင် Jeonဖြစ်ရတာ....
ဘဝရဲ့ လာသောကောင်းခြင်းတွေ.....။

ParkJimin ဆုတောင်းတွေကြမ်းလွန်းပါတယ်....
ချစ်လို့ ကြမ်းခဲ့ခြင်းမှာ....အကြောင်းပြချက်ပေးစရာမရှိ
ထပ် ဆုတောင်းတယ်....
သံသရာတစ်လျှောက်လုံး မောင်က ကိုယ့်အပိုင်.......။

မောင့်မီးတောင်လေးပဲဖြစ်ရဖြစ်ရ
မောင့်စီးကရက်လေးပဲဖြစ်ရဖြစ်ရ
မောင့်အလှလေးပဲဖြစ်ရဖြစ်ရ
မောင့် အတွက်ဆို..ကိုယ်ကမောင့်စိတ်ကြိုက်ပုံသွင်းပြီးသား....။

မောင့်ကြောင့်ပဲအားနည်းမယ်
မောင့်ကြောင့်ပဲ သန်မာမယ်...
အားနည်းချက်ကမောင်...အားသာချက်ကလည်းမောင်ပဲ။

မောင့် ရင်ဘက် အကျယ်ကြီးကိုနမ်းမယ်
မောင့် လက်ဖဝါး တွေကို နမ်းမယ်
မောင့်နှုတ်ခမ်းပါးလေးတွေကိုနမ်းမယ်
မောင့် နှလုံးသားကို လည်းနမ်းမယ်...
မောင် ပြုံးပြရင်....ခပ်သိမ်းအကုန်ပေးပစ်မယ်....
ကိုယ့်ကို မောင်ပိုင်တယ်.......။

မောင်Where stories live. Discover now