💔40💔(Part2)

51.8K 3.7K 2.8K
                                    

"ပေါင်ပေါ်ပဲလာထိုင်လေ...အိမ်မှာ
ဂရုစိုက်နေစရာဘယ်သူမှလည်းရှိတော့တာမဟုတ်ဘဲနဲ့"

"ဝရံတာကြီးမှာ...."

"မောင်တို့က အိမ်ထောင်ဖက်တွေလေ ဘယ်လိုနေနေ
တင့်တယ်တယ်....ဒီပတ်ဝန်းကျင်ကလူတွေက
မောင့်ကိုဆို မကဲ့ရဲ့ရဲဘူး...."

ညသည်...လေပြေတချို့နှင့်ကြယ်တွေစုံလျှက်ရှိသည်။
JEonအိမ်တော်ကြီး၏တတိယထပ်ဝရံတာသည်
တစ်အိမ်လုံးမှာ လက်ရာအမြောက်ဆုံးထဲပါပြီး
ညဘက်ဆို အလွန်နေလို့ထိုင်လို့ ကောင်းလွန်းလှသည့်
နေရာ...။
ခုံတွင် ဝိုင်ခွက်ကိုင်ကာ ရင်ခွင်တစ်ခုလုံးဖွင့်ဟထား
သော မောင့်ဆီသို့ ဆိုင်သူလေးကဝိုင်ခွက်လေး
ကိုင်ကာ လျှောက်သွားရင်း ညစာစားတုန်းကလို
ဘေးတစောင်းလေးချစ်စရာကောင်းအောင်
ထိုင်လိုက်တာမျိုးမဟုတ်...။
မောင်နှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်
မောင့်ပေါင်တံတွေအပေါ်ခွထိုင်လိုက်သည်။

"ပြီးတာပဲ......"

မောင်က ဆိုင်သူလေး၏ခါးသိမ်သိမ်လေးကို ဖက်ထားပြီး
ဝိုင်တစ်ကျိုက်ကိုအရသာခံကာသောက်လိုက်သည်။

"ဝိုင် အဆင်ပြေလား....ဝယ်သာဝယ်လာခဲ့တာ
မောင် အကြိုက်တွေ့ပါ့မလားလို့..."

"မင်း ကြိုက်ရင် မောင် ကြိုက်တယ်..."

မောင်က ဝရံတာဘောင်ပေါ်က စီးကရက်ဘူး
ကိုယူကာ စီးကရက်တစ်လိပ်ထုတ်လိုက်သည်။

"သောက်အုန်းမလို့လား....."

"တစ်လိပ်ပဲလေ...ဝိုင်ရယ်
စီးကရက်ရယ် JeonJimin ရယ်ပေါင်းမှ...လောကနိဗ္ဗာန်ရောက်တာ..."

"စကားတွေအရမ်းတတ်တာပဲ....
တစ်ခါတစ်လေကျ အဲ့လိုတတ်တာမျိုးတွေကို
မကြိုက်ပါဘူး...."

မောင်သည် စီးကရက် တစ်ရှိုက်ဖွာကာ
ဆိုင်သူလေး၏မျက်နှာလှလှလေးအပေါ်
စီးကရက်ငွေ့တွေကိုမှုတ်ထုတ်ရင်း...
ဆိုသည်။

"မောင်....."

"ဗျာ...."

"နမ်းပါလား...နည်းနည်းမူးနေပြီထင်တယ်....
မောင့် ကိုနမ်းချင်လာပြီ..."

မောင်Where stories live. Discover now