💔21💔(Part1)

43.6K 3.7K 1.1K
                                    

ဒေါသသည်အစိုးမရခဲ့။ရင်ဘက်ကအကျီစအား
ဆောင့်ဆွဲကာအိမ်ထဲကိုခေါ်လာတော့တအိမ်လုံးက
ParkJimin ဘက်တော်သားများမို့မျက်စိပျက်
မျက်နှာပျက်ပဲ..။Jeonသည်လှေကားတွေအတိုင်း
တက်သွားကာအခန်းထဲသို့ဦးတည်လိုက်သည်။

သွေးကြောတွေတောင်ပေါက်ထွက်တော့မလ်ို့
တင်းထားသောမေးရိုးတွေနဲ့ အံကြိတ်သံသည်
ကြောက်စရာအလွန်ကောင်းကာJiminသည်
ရုန်းကန်ပြေးဖို့တော့အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။

မောင်ရေချိုးခန်းတံခါးအားဆွဲဖွင့်လိုက်ကာ
တွန်းလွှတ်လိုက်သောအရှိန်သည်ပြင်းထန်လွန်း
တာကြောင့်ကျောနဲ့နံရံပြေးရိုက်ကာ
ဆိုင်သူလေးမျက်နှာမဲ့ခနဲ......။

မောင့်ရဲ့စူးရဲသောမျက်လုံးတွေနဲ့
တခုခုလုပ်ပစ်လိုက်နိုင်သောအမူအယာ
မျိုးဖြင့်ပြေးဝင်လာတော့ Jimin သည်
ထောင့်သို့ပြေးကပ်လိုက်သည်။

"ပျော်လား.......ငါ့ကိုဒုက္ခပေးရတာမင်း
အရမ်းပျော်သလားParkJimin...."

Jimin သည်မဖြေပါ...။မျက်နှာက်ုတဖက်သို့
လှည့်ထားပြီးလက်သီးနှစ်ဖက်ကျစ်ကျစ်
ပါအောင်ဆုပ်ထားသည်။
Jeonသည်လွှဲနေသောမျက်နှာကိုဆောင့်ဆွဲယူကာ

"ငါမေးနေရင်ဖြေစမ်း!!!!!!!ပါးစပ်ကို
ပိတ်မထားနဲ့...."

"မင်းခိုင်းလို့ ငါလုပ်တာ.....ငါဘာမှားသွားလို့လဲ..."

"တံခါးပိတ်ရိုက်ရင် မင်းမှာပြေးစရာမြေမရှိဘူးနော်..."

"ရိုက်...!!!ဒါပေမယ့် သေအောင်တော့ရိုက်
တခါထဲအသက်ထွက်အောင်ရိုက်
မင်းနဲ့ယူပီးထဲက တနေ့တမျိုးမရိုးနိုင်တဲ့
ပူလောင်မှုတွေကြား ငါသိပ်ပင်ပန်းနေပြီ...
သေသွားတာပိုကောင်းမယ်...."

မောင့်မှာ တကယ်တမ်းရိုက်ဖို့အင်အားတွေ
ရှိမနေဘူး...။မောင်သေလောက်အာင်တုန်လှုပ်
ခြောက်ခြားနေတာ...။ဆိုင်သူလေးကထောင့်ကပ်ကာ
အသားနာမှာစိုးလ်ို့တုန်တုန်ရီရီဖြစ်နေတာထက်
မောင့်စိတ်နှလုံးသားတွေကပိုတုန်ရီနေသည်။

မောင်Where stories live. Discover now