❤️31❤️(Part2)

51.7K 4.2K 1.9K
                                    

စနေတာများလား....။မရောက်သေးဘူးဆိုတာ
ဘယ်လိုလုပ်များဖြစ်နိုင်မှာလဲ။
သေချာသူပြောပြီး စီစဉ်ထားခဲ့တဲ့ဟာ....။

ဖုန်းနံပါတ်တွေခပ်မြန်မြန်နှိပ်ကာဖုန်းခေါ်ပေမယ့်
မကိုင်ခဲ့...။သိပ်တော့စိတ်မလှုပ်ရှားအောင်
ကိုယ့်ကိုကိုယ် ထိန်းလိုက်သည်။
ဘာမှမဖြစ်နိုင်ပါဘူးလေ...။ဒီမာယာကောင်လေးနဲ့က
ဘယ်တုန်းကသဲထိပ်ရင်ဖိုမဖြစ်ရင်အခြေအနေ
တစ်ခုကပြီးဆုံးသွားရတာကြုံဖူးလို့လဲ....။
ဘာမှမဖြစ်ပါဘူး....။

ကြီးတဲ့သူလေ...အများကြီးရင့်ကျက်သည်းခံ
ပေးရမှာပေါ့...သူပြောသလိုကလေးနဲ့ဖက်ပြီး
မိနစ်တွေကိုလိုက်တွက်ကပ်နေလို့မရတာ။

...ငါရောက်နေပြီနော်....။

ရပါပီဒီလောက်ဆို.....။Msgလည်းပို့ထားပြီးပြီပဲ။
MD Parkသည် ခြေထောက်ကလေးချိတ်
လက်ကလေးပိုက်ကာ အတတ်နိုင်ဆုံးစိတ်ကို
သက်သာရာကြောင်းလေးတွေးပြီးညရှုခင်းကို
ကြည့်နေသည်။

မိနစ်အနည်းငယ်လောက်ကုန်သွားတဲ့အခါ
ဖုန်းထပ်ခေါ်သည်။မကိုင်ခဲ့....။
Jimin ဖုန်းကိုစားပွဲပေါ်ပစ်ချကာ Shirt အကျီ
ကြယ်သီးတစ်လုံးကိုထပ်ဖြုတ်လိုက်သည်။

Jungkook...နောက်ကျနေပြီလေ...
ဘာလို့ဖုန်းမကိုင်တာလဲ......။

ဒေါသနဲ့မာန အတ္တစတဲ့ ခပ်ပူပူခံစားမှုတွေကို
မီးတောင်လေးက မြူမှုန်လေးတစ်မှုန်မျှ
ဒီညလေးမှာ မသက်ရောက်အောင်
ထိန်းထားတာမို့ အတတ်နိုင်ဆုံး အေးချမ်းပေးနေသည်။

နာရီကိုထပ်ကြည့်လိုက်တော့ ၇:၄၅ .....။
နွေဦးဆိုပေမယ့် ညလေအေးတွေကသိပ်ပြီး
အေးစက်တာပဲ.....။တစ်ချက်တစ်ချက်ဖြတ်တိုက်
သွားရင် အသဲထဲအထိ စိမ့်ခနဲ...။

၈:၀၀.....။ ဆိုင်သူလေး၏မျက်လုံးတွေ
အရောင်ပြောင်းလာခဲ့ပြီ....။တစ်နာရီကျော်
နောက်ကျလာရအောင် သူတို့ကိုစတွေ့ပေးတုန်း
ကလိုအနေအထားမှမဟုတ်တာပဲ....။
ပိုက်ထားသောလက်ချောင်းလေးတွေတုန်လာကာ
မျက်နှာလေးရဲလာသည်။

ဒါပေမယ့် အခြေအနေကိုသူလက်မခံသေး။
မလုပ်လောက်ပါဘူးပဲအတိအကျတွေးနေကာ
ဖုန်းထပ်ခေါ်ခဲ့သည်။အသက်ရှူလို့မဝတော့...။
နောက်ထပ်ထပ်ခေါ်သည်....အကြိမ်ပေါင်းများစွာ
အထပ်ထပ်ခေါ်ခဲ့သည်။

မောင်Where stories live. Discover now