💔26💔(Part2)

47K 3.9K 1.6K
                                    

Romကိုခေါ်ကာကျွန်းကိုချက်ချင်းခရီးထွက်
ပစ်လိုက်ရသည်။မာယာအများလွန်ကာ
အရှက်တွေလည်းကွဲခဲ့ရ၍စိတ်ပြေလက်ပျောက်
ထွက်လာခဲ့ပေမယ့် Hotelခန်းထဲမှာလည်း
ဖူးကြွနေသောမျက်နှာ ကမ်းခြေရောက်ပြန်လည်း
အမှတ်တရပေါင်းများစွာ ကျောက်ဆောင်မြင်
တော့လည်းနမ်းချင်လာ Hotelမန်နေဂျာမြင်တာ
တောင် ParkJimin ပဲသွားသွားမြင်နေတာ
ကြောင့် မောင် မပျော်နိုင်....။

မောင့်ဒုက္ခသည်အလွန်ကြီးလှပါသည်။
ဘဝတစ်လျှောက်လုံး ဒီလောက်ကြီးလည်း
အလွန်အကြူးတွေမဖြစ်ဖူးတာမို့
မောင်သည် ကိုယ့်ကိုကိုယ်လည်းမေးမေးရိုက်
ချင်နေပါသည်။

နှစ်ရက်လောက်သာနေနိုင်သည်..
ဆိုလ်းက ဆိုင်သူလေးကိုလည်းစိတ်လုံးဝမချနိုင်
တာကြောင့် Romနဲ့အတူပြန်လာရပြန်သည်။

နောက်ထပ်ဘာဆက်လုပ်ရမလဲစဉ်းစားရင်း
လောလောဆယ် တော့ Hoseokဆီသွားကာ
တက်တူးထပ်ဖြည့်နေသည်။စိတ်ထွက်ပေါက်
တွင် တက်တူးထိုးတာလည်းတစ်ခုအပါအဝင်မို့
အရှက်များပြေမလားဟုတွေးကာ
Hoseokဆိုင်တွင်နာရီပေါင်းများစွာသောင်တင်
နေလျှက်...။

"အဆင်ပြေရဲ့လား ဂျေ....မင်းကြည့်ရတာ
မလန်းမဆန်းနဲ့..."

"ပြသနာပေါင်းစုံတက်နေတာ ဘယ်သူက
လန်းဆန်းနိုင်မှာလဲ....."

"Jimin နဲ့က မင်း တကယ်ကွဲတော့မှာလား...."

"ကွဲသင့်တယ်လို့ မင်းကထင်လို့လား
Hoseok...."

ငယ်သူငယ်ချင်းနဲ့Customer ...
ထယ့်ကိုတရားတွေသာချနေပေမယ့်
တကယ်တမ်းကျ Hoseokလည်းရသလောက်
လေးတော့အတ္တကြီးမိလိုက်ပါသေးသည်။
ထယ့်အပေါ်ထားတဲ့သူငယ်ချင်းတစ်ယောက်
အနေနဲ့မေတ္တာအမှားလေးပေါ့။

"အဆင်မပြေတာကိုတော့ ကွဲလိုက်တာက
ကောင်းမယ်လို့ငါထင်မိတာပဲ
မင်းသူနဲ့ကွဲလည်း မင်းအတွက်အများကြီးဟာ
ထပ်ယူချင်လည်းရတယ် မယူချင်လည်းရတာပဲ.."

"အေး...အဲ့တာတော့ဟုတ်တယ်နော်....
အဲ့တာကြီးက ဟုတ်နေတာတောင်
ငါ ParkJimin ကို မကွဲနိုင်ဘူး..
ဘယ်လောက်ရီစရာကောင်းလဲ Hoseok..."

မောင်က ခပ်ပြုံးပြုံးပင်Hoseokကို
ကြည့်ကာ ပေါ့ပါးစွာဆိုသည်။
မောင့်အပြုံးတွေထဲမှာ Jiminကိုသဘောကျလွန်းသော
ကြိုက်နှစ်သက်လွန်းသော အငွေ့အသက်လေး
တွေအပြည့်..။Hoseokလိပ်ပြာမလုံခဲ့ပါ..။

မောင်Where stories live. Discover now