💔29💔(Part1)

46.1K 3.9K 1.9K
                                    

မချစ်ရခင်က စိတ်ဆင်းရဲမှုတွေနဲ့နာကျင်ရပါတယ်
ဆိုရင် ချစ်ပြီးသွားတဲ့နောက် စိတ်ဆင်းရဲမှုတွေနဲ့
ပျော်ရွှင်ရသည်။

MD Park..သည်သေချာစွာပုံချထားသာ
ဆံပင်အနက်ရောင်တွေကိုကျွတ်ထွက်မတတ်
ကုတ်နေသည်က Meeting ခန်းရှေ့မှာ။
MD Parkယောကျ်ားငယ်ငယ်လေးသည်
တစ်စုံတစ်ခုအလိုမကျနေတဲ့ပုံစံ.....။

"Meeting Roomထဲအထိမင်းလိုက်လို့မရဘူး
ငါလူလိုသူလိုရှင်းပြနေတာနော် Jungkook..."

"မောင် Gameဆော့ပြီး တိတ်တိတ်လေး
စောင့်နေမယ်လေ....မနှောက်ယှက်ရင်ပြီးရောမလား"

"ဘာလိုက်လုပ်စရာလိုလို့လဲ....မင်းငါ့ကို
အဲ့လို တဂျီဂျီကပ်နေတာတွေကလူအမြင်ကပ်စရာ
ကောင်းနေပြီ...ဒါအလုပ်..လို့ဘယ်နှခါပြောရမလဲ.."

"မောင် ကပ်ပဲနေချင်နေတာ...လိုက်မှာပဲ..."

"ချစ်တာက အဲ့လို၂၄နာရီအတူတူရှိနေဖို့မလိုဘူး
လေကွာ မင်းလည်းမင်းအလုပ်မင်းလုပ်
ငါလည်းငါ့အလုပ်ငါလုပ်ပြီး အိမ်ပြန်ကြရင်
တွေ့ရမှာပဲ....မင်းဟာက ကလေးပေါက်စလေး
လို့ လက်ဆွဲလိုက်နေတာ ငါရှက်လာပြီ
သွား ပြန်စမ်း....."

"မပြန်ချင်ဘူး...."

နားမလည်တာမဟုတ်ပါ...။မောင်နားလည်ပါသည်။
ဒါပေမယ့် Jimin နဲ့ချစ်ပြီးထဲက Jiminပြောသလို
မျိုး နေထိုင်နေကြည့်ပေမယ့် သူ့မျက်နှာလှလှလေး
ကိုသွားတွေးမိတာနဲ့မရတော့။
မောင်ချက်ချင်းပြေးတွေ့လိုက်ရမှကျေနပ်ခဲ့သည်။

Jimin ကသူ့ကိုချစ်နေတယ်ဆိုတဲ့Feeling သည်
နှစ်ချို့ဝိုင်လေးလိုပဲခံစားလိုက်ရတိုင်းမှာ
ရင်ထဲပြင်းရှရှ....တစ်ခါတရံကျမူးဝေထုံထိုင်းသွားပြီး
အမြဲတမ်းJiminအနားမှာပဲနေနေကာ
မထိတွေ့ရရင်နေပါ....လှမ်းကြည့်လို့မြင်နေရရင်
အသံလေးကြားနေရရင်ကိုမောင့် နိဗ္ဗာန်.....။

ခွဲပြီးအိမ်မှာကျန်ခဲ့ရတာမျိုး အရင်လိုဆိုးသွမ်း
ဖို့ လူဆိုးခေါင်းဆောင်လုပ်နေရလည်း
စိတ်က ဆိုးတဲ့ဆီမှာမရှိ..။
Jimin ရယ်လိုတွေးမိတာနှင့်Jiminရှိတဲ့နေရာကို
အပြေးလာကာ မောင်က အတူတူရှိလိုက်မှ။
နောက်ပိုင်း မောင်ဟာ မထိန်းနိုင်တော့၍
တကောက်ကောက်လိုက်ခဲ့တော့သည်။

မောင်Where stories live. Discover now