💔23💔

49.6K 4.2K 2.6K
                                    

"KimTaeHyung!!!!မင်းလွန်မလာနဲ့...."

MD Parkနဲ့ရုံးခန်းထဲကစကားတွေသည်
ပညာသားပါခဲ့သည်။
တည်တည်ငြိမ်ငြိမ်ပြောနေပေမယ့်
MinYoongi ၏အရှိုက်တည့်တည့်ကိုထိလာခဲ့သည်။

"ကျတော့်ယောကျ်ားကပြောမရဆိုမရမလို့
ကျတော်လွှတ်ထားရပေမယ့် TaeHyung က
တော့ MinYoongi  သေချာလေးနားချရင်
ရမှာပါ... Jungkook အတွက်ပြောနေတာမဟုတ်ပါဘူး
TaeHyung ကို သူများတွေမေးငေါ့မှာစိုးရိမ်တာ
အောင်မြင်နေတဲ့ ဒီဇိုင်နာဖြစ်နေပီမလား....
ကျတော့်ယောကျ်ားက နာမည်ပျက်တွေကြီးပဲ
ကောင်းတဲ့နေရာတနေရာမှမရှိတော့လေ
နစ်နာမှာက MinYoongi လက်ထပ်မယ့်သူဖြစ်နေတာ.."

ပြုံးယဲ့ယဲ့ဖြင့် စေတနာပါသလိုပြောနေပုံက
အနှစ်ချူပ်ရင် ကိုယ့်လူကိုယ်ထိန်း ကလွဲ
တခြားမရှိ....။

ParkJimin မျက်နှာပေါ်မှာစေတနာနဲ့တူတာမျိုး
အရိပ်အယောင်တောင်ပေါ်မလာ
ကောင်းတဲ့နေရာ တနေရာမှမရှိသော
ယောကျ်ားဖြစ်သူနာမည်ပျက်လေးကို
TaeHyung နဲ့လုံးဝမပတ်သတ်စေချင်သော
အရိပ်များသာရှိနေသည်။

ပြန်ကြားယောင်မိတိုင်းဒေါသတနုံ့နုံ့..။

"ထယ် ဘာလုပ်နေလို့လဲ....
သူငယ်ချင်းမလို့ မိတ်ဆွေမလို့
သတင်းသွားမေးတာ ဆန်းလို့လား...."

"မင်းအဲ့လောက်လူမှူရေးမရှိဘူးKimTaeHyung
ငါ့ကိုမလိမ်နဲ့...."

"ထယ် မလိမ်ဘူး....."

"အနှောင်အဖွဲ့မရှိတဲ့သူကို ပွေတာရှုပ်တာ
မင်းစိတ်ပျော်လ်ို့မင်းလွတ်လပ်သလို
နေတာကို ငါမသိချင်ယောင်ဆောင်ပေးလို့ရတယ်
အိမ်ထောင်ရှိတဲ့သူကိုမဖြစ်ဘူး ထယ်လေး...
လုံးဝမဖြစ်ဘူး...
လောကကြီးမှာလိုက်နာရမဲ့စည်းကမ်းတွေ
ရှိတယ် ချစ်သူရည်းစားတောင်ကြားမဝင်ရတာ
သူတို့ကလက်ထပ်ထားတာ တရားဝင်ယူထားကြတာ.."

"ခု ကွဲ လို့လား ထယ် သတင်းသွားမေးရုံနဲ့
ကွဲသွားပီလား....."

"မကွဲပါဘူး...ရှင်းပြတာ
Jungkook နဲ့ တတွဲတွဲလုပ်နေတာတွေကို
လူကြီးလုံးဝမမြင်ချင်ဘူးနော်
ParkJiminက ထုတ်သာမပြောတာ
JungKookကို သိပ်အလေးအနက်ထားတယ်
သိပ်ကာကွယ်တယ် တခုခုဖြစ်လာရင်
မင်းကို တစစီ ဖြုတ်ပစ်လိမ့်မယ်...."

မောင်Where stories live. Discover now