💔30💔(Part1)

40.9K 3.6K 1.2K
                                    

ဖြောင်းးးးးးး

ပြင်းထန်လှသောရိုက်ချက်တွင်Jeonငယ်သည်
အရင်လိုကြမ်းပြင်ပေါ်သို့အင်အားနည်းစွာ
ပစ်လဲမကျတော့မယ့် ပါးတစ်ဖက်လုံးတွင်
လက်ငါးချောင်းရာသည်အတိုင်းသား...။
အံကြိတ်ကာ သည်းခံပုံက ဘုရင့်နှလုံးသားကို
တမြေ့မြေ့ ထိုးခွဲနေသည်။

"ငါ့ကို....ငါ့ကို မကြောက်မလန့်ပေါ့ မင်းကဟုတ်လား"

"စိုးရွံမိပါတယ်....."

စိုးရွံ့မိပါတယ် လို့ပြောတဲ့ပုံစံကိုက မစိုးရွံ့နေတာ
ဘုရင်ကိုတောင် ဒီကောင်လေးကဂရုမစိုက်တော့။
ဒီဘုရင်ကလည်းအရူးအမူးကိုတန်းတန်းစွဲကို.....။
သိပ်နာရတယ်....သိပ်နာရတဲ့ကဗျာတွေပဲ...။

ကြိုးတွေဆိုတာချည်တတ်မှ....မချည်တတ်တဲ့အခါ
လှုပ်လိုက်တိုင်းရူးချင်သွားအောင်နာရတတ်တယ်...။

၁၃နှစ်သားလေးထဲက အချစ်ကြိုးတွေနဲ့
ဒီကောင်ကချည်ခဲ့လည်း နိုင်ငံ ထီးနန်း
အရာခပ်သိမ်းနဲ့ လဲလည်ခဲ့လည်း...
ရခဲ့တာက ဘာဆိုဘာမှမရှိခဲ့ဘူး....။

"ငါ...မနက်ထဲက ဒီနေရာမှ ထိုင်စောင့်နေတာ
ဘာညီလာခံ ဘာတိုင်းရေးပြည်ရာမှငါမလုပ်ဘူး
မင်းရဲ့ မနက်စာအတူစားကြဖို့ ခေါင်းညိတ်မှု
မှာ...ဒီဘုရင်က နေဝင်သွားတဲ့အထိ
မတုန်မလှုပ်ထိုင်နေခဲ့တာ....ငါ့ကိုမင်းဘာလုပ်လိုက်
တာလဲ Jeon...ဖြေပါ...ဖြေစမ်းပါ...."

"အဖေက....ခေါ်...."

ဖြောင်းးး

နာနေသည့်ပါးကိုထပ်ရိုက်ခံလိုက်ရတဲ့အခါသိသိသာသာ
မျက်နှာမဲ့သွားသည်။ရိုက်နေတာကကိုယ်ဆိုပေမယ့်
နှလုံးသွေးတွေထွက်အန်မကျမတတ်နာကျင်နေရတာ
လည်းကိုယ်ပဲ....။

"မင်းကချေသည်ရဲ့ ဖျော်ဖြေပွဲကို ရှေ့ဆုံးကနေ
သွားအားပေးခဲ့တာပါကွာ.....ငါကဒီနိုင်ငံရဲ့ဘုရင်ပါ
Jeonရယ်....မင်းမလိမ်စမ်းပါနဲ့...."

"ဟုတ်ပါတယ် .....တောင်းပန်ပါတယ်....
သတ်ချင်လည်းသတ်ပါ...."

ဧကရာဇ်ဟာ နီရဲနေတဲ့မျက်အိမ်တွေနဲ့ကျလုလုဆဲဆဲ
မျက်ရည်တွေကိုမကျလာအောင်မျက်နှာလှလှလေး
ကိုမော့ကာခြောက်ကပ်ကပ်အော်ရီခဲ့သည်။

မောင်Where stories live. Discover now