💔39💔(Part2)

52.4K 3.9K 2.5K
                                    

" ကကြိုးလေး တစ်ခုပြမယ်....သခင်က
လိုက်က....."

"မကချင်ဘူး....စစ်ပဲတိုက်ချင်တယ်...."

စိတ်ကူးယဉ်ကမ္ဘာလို့ပဲပြောမလား.....။
လွတ်မြောက်သွားသောဝိဉာဉ်ငယ်နှစ်ခု၏
တွေ့ဆုံမှုလေးသည် ကမ္ဘာတခြမ်းတွင်
လှလှလေး.....။

"ကျွန်တော်...က ပြ မယ်....ယပ်တောင်လေးကို
ဒီလိုမျိုးလေး ဖြန့်ချလိုက်....
စည်းချက်တွေကြားတဲ့အခါ ခြေထောက်တွေကို
စပြီးလှုပ်ရှား...."

"အရမ်းလှတာပဲ.....ယောင်း....
ကိုယ်တော် ထိုင်ပဲကြည့်မယ်.....အဆုံးအထိကပြပေးပါ..."

"အခကြေးငွေက....ဘာပေးမှာလဲ....."

"ဘာလိုချင်လဲ....."

"နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ
ကျွန်တော့် ကကြိုးတွေကို သဘောကျပေးပါ..."

"အဆင်ပြေပါတယ်...ငြိမ်ငြိမ်လေး
ထိုင်အားပေးပေးမယ်....."

ယောင်းက သဘောကျစွာပြုံးကာ
စည်းချက်တွေနဲ့အတူ အလှဆုံးကပြနေသည်။
ကခုန်နေရင်းနန်းဆောင်ထဲကနေ ပန်းဥယျာဉ်ထဲသို့
ပြောင်းလဲသွားကာ အိမ်ရှေ့စံက သစ်ပင်လေး
တစ်ပင်ကိုမှီထားသည်။
ယောင်းက မြက်ခင်းတွေအပေါ် ဆက်ကပြနေတုန်း...။

အိမ်ရှေ့စံသည် ထိုင်နေရာမှ ယောင်းဆီကို
ဖြည်းဖြည်းလေးလျှောက်လာတော့
ယောင်းက လက်ဖျားလေးတွေကို ဖွဖွလေးယူ
ငင်လိုက်သည်။

"ကျွန်တော့်နောက်ကို လိုက်....အများကြီးပြုံးထား....."

"ငါ က ရင် လှမှာသေချာလို့လား....."

"သေချာတာပေါ့ အချစ်ရဆုံးရယ်..."

မြက်ခင်းစိမ်းကြီးထဲ သခင့်လက်ဖျားလေးတွေကို
ဖွဖွလေးကိုင်ရင်း ယောင်းက လှလှလေး က သည်။
ကနေရင်း စည်းချက်တွေက မြန်ဆန်လာတဲ့အခါ
ပန်းနုရောင်လေးနှင့်သခင့်အားခါးမှမြှောက်ပင့်
ချီလိုက် ပွေ့ရမ်းလိုက်တော့ ရီမောလိုက်တာ.....။

"ဒီကကွက်ကို ကိုယ်တော် အကြိုက်ဆုံးပဲ....."

မြက်ခင်းစိမ်းပေါ် ဖွဖွလေးလှဲချကာ သခင့်မျက်နှာ
ကို တစ်ခုချင်းစေ့စပ်စွာငေးစိုက်တော့
ပြိုင်ဆိုင်ကြည့်နေပြန်သောသခင်....။

မောင်Where stories live. Discover now