💔15💔

42.4K 3.6K 1.3K
                                    

စိတ်တွေသည် Hyung ဆီကစာအုပ်လေးရထဲက
ဖတ်ဖို့မအားလပ်ပေမယ့်အခန်းထဲကစာအုပ်စင်
ပေါ်မှာနေရာတကျရှိနေသောစာအုပ်လေးကို
မြင်တိုင်းမှာတော်ရုံအပူတွေအေးသည်။

JeonJungkook ကလည်းအိမ်ပြန်နေပေမယ့်
အရင်လိုတော့တစောင်းစောင်းဖြစ်မနေဘဲ
ကားModelအသစ်တစီးလဲဖို့ကိစ္စကိုတော်တော်လေး
အာရုံရောက်နေသည်။
နေ့လည်း ဒီကား ညလည်းဒီကားနဲ့
ယောက်ယက်ခတ်နေလျက်...။

သူဌေးသားတွေ၏ အပူအပင်သည်တရားကျဖို့
တော့ကောင်းသည်...ပိုက်ဆံမဖြုန်းရမှာစိုး၍
နေ့မအိပ်နိုင်ညမအိပ်နိုင်ဖြစ်နေခြင်း...။

ပိုက်ဆံမှမရှာဖူးတာ.....ပိုက်ဆံရှာဖူးတဲ့လူတစ်ယောက်
သည်ပိုက်ဆံတန်ဖိုးကိုသေချာနားလည်ပြီး
သူ့လိုဆုံးရှုံးဖူးတဲ့သူကတော့ ပြောဖွယ်ရာမရှိတော့။

သတိတော့ထားမိပါသည်...။
သူဆေးသွားယူတယ် ဆရာဝန်ဆီသွားပြီး
ပြန်ပြန်လာတဲ့ရက်ပိုင်းတွေကတည်တည်ငြိမ်ငြိမ်
ရှိကာ နဂိုအရင်းခံ ပေစောင်းစောင်းပုံစံမျိုးကလွဲ
စတွေ့တုန်းကလို အလကားနေရင်း
ခင်ဗျားကိုမြင်တိုင်းမုန်းတာ ဟု အသံနက်ကြီးနဲ့
အော်မနေတော့...။
သူလုပ်ချင်တာတွေလုပ်နေကာဘေးဘီကိုသိပ်အာရုံ
မရှိအေးအေးဆေးဆေးပါပဲ..။

ကန့်လန့်တွေမပြောဘဲ
မပြုမူဘဲ...သူ့အကန့်နဲ့သူနေပြီး
မိုးလင်းမိုးချူပ်အေးချမ်းနေရင်တော့
သိပ်လည်းမဆိုးလှပါဘူးလေ ဟုမှတ်ချက်ပြုလို့ရသည်။

...မောင်က တခါတရံသူမွေးထားတဲ့နှင်းခွေးအကြီး
ကြီးနဲ့အိမ်တော်ကြီးထဲစကားတွေပြောနေတတ်တယ်
မောင့်အသံဟာ တအိမ်လုံးကြားနိုင်တဲ့အထိ
ကျယ်ကျယ်လောင်လောင်....
ခွေးကြီးက တစုံတခု လိမ္မာပြတိုင်း သဘောတကျ
ထွက်လာတတ်တဲ့မောင့်ရီသံတွေဟာ...
သိပ်ရှားပါးလွန်း ကြားရခဲလွန်းတယ်

မောင်က တိရိစ္ဆာန်တွေကို သိပ်ချစ်တတ်တယ်
ဘီယာမူးပြီး နှင်းခွေးကြီးနဲ့အတူ ဧည့်ခန်းထဲ
အိပ်ပျော်ပျော်သွား
တတ်တဲ့မောင့်ကို Company ကပြန်လာသူ
မောင့်ရဲ့ဆိုင်သူက မြင်တိုင်း ရွံသလိုကဲ့ရဲ့သလို
နှာခေါင်းလေးရှုံ့သွားတဲ့မြင်ကွင်းမျိုးတွေက
အိမ်တော်ကြီးထဲမှာ ခဏခဏ..........။

မောင်Where stories live. Discover now