💔4💔(Part2)

37.6K 3.9K 746
                                    

တခုခုပြောဖို့အရှိန်ယူနေစဉ်မှာပဲဥက္ကဌJeon၏
အားတက်သရောအသံကြီးထွက်လာတော့သည်။
သားရောက်လာပီတဲ့...။

သူ့စကားတွေတိခနဲရပ်လိုက်ရကာ ရောက်လာသော
သားဖြစ်သူကို အားလုံးပြိုင်တူလှမ်းကြည့်လိုက်ကြ
သည်။

Jimin....မျက်ခုံးတန်းတွေသည်ချက်ချင်းတွန့်ချိုးသွား
ကာခေါင်းတည့်တည့်ကိုမိုးကြိုးပစ်ချလိုက်
သလိုပဲ....။

Jeon သည်အဝါနုရောင်လက်တိုShirtကို
အဖြူစွတ်စွတ်ဘောင်းဘီနှင့်တွဲဝတ်ထားသည်။
လက်တိုရွေးလာရခြင်းသည် လက်မောင်းရင်းက
လက်ဖျားတွေအထိ နေရာလပ်မရှိသော
တက်တူးတွေကိုမြင်သာထင်သာရှိနေစေရန်
ရည်ရွယ်သည်။
အိမ်ထောင်ဖက်တွေ့တာ အသင့်အတင့်
တည်ငြိမ်သောဝတ်စားဆင်ယင်မှုမျ်ုးကို
ရွေးရမှာသိပေမယ့် သူကပွဲဖျက်မဲ့သူဆို
တော့Character ဝင်အောင် တောက်ပနေမှဖြစ်မယ်မလား။

အဝါနုရောင်နေကာမျက်မှန်ကိုတပ်ထားကာ
နားပေါက်အားလုံးတွင်တွဲလီတွဲလောင်း
နားကွင်းနားဆွဲပေါင်းစုံ။
လက်ချောင်းတွေ လက်ကောက်ဝတ်တွေမှာ
ရှုပ်ယှက်ခတ်နေသာအဆင်တန်ဆာပေါင်း
များစွာဖြင့် ဘောင်းဘီအိတ်ထဲလက်တဖက်
ထည့်ကာ ပီကေဝါးလျှက်တလှမ်းချင်း
လျှောက်လာခဲ့သည်။

ပင်လယ်တခုခုသွားမယ့်ပုံစံလို
NightClubတက်မည့်ပုံစံလိုလို
ရှုပ်ယှက်ခတ်နေကာ
မျက်မုန်းအကျိုးရဆုံးက
မထီတထီခပ်ပြုံးပြုံးမျက်နှာထားပဲ....၊

Jeonသည်ပီကေဝါးရင်းလျှောက်လာကာ
တဖြည်းဖြည်းစားပွဲဝိုင်းသို့နီးကပ်လာသည်
နှင့်..စူပုတ်ပုတ်ဖြင့်ထိုင်နေသော
မျက်နှာကိုသဲသဲကွဲကွဲမြင်လိုက်ရသည်။

" ဟင်......"

ပွဲဖျက်ဖို့ ပေါက်ကရတွေပြောဖို့
ဒယ်ဒီ့မျက်နှာကြီးပျက်စေဖို့
အထူးပြင်ဆင်ကာလာခဲ့တာပါ။
နီးလာလေလေ....ပြတ်သားလာသော
မြင်ကွင်းသည်အဝါရောင်မျက်မှန်ကြောင့်
အဝါရောင်သန်းနေပေမယ့် သူ့ကိုအံ့အားသင့်လာ
စေပါသည်။

မျက်မှန်ချွတ်ကာသေချာအောင်ကြည့်လိုက်
ချင်ပေမယ့် ရုပ်ပျက်သလိုလည်းဖြစ်မှာ
စိုးတာကြောင့်အဝါရောင်တွေသန်းနေတဲ့
ကြားထဲကပဲကြည့်ရသည်။

မောင်Where stories live. Discover now