💔20💔

46.9K 3.9K 1.4K
                                    

အဝေးကြီးနေလှမ်းကြည့်မိရုံနဲ့ရင်ထဲနွေးခနဲ...
ပန်းခြံရဲ့ခုံတန်းလေးတစ်ခုမှာ စာအုပ်တအုပ်နဲ့
လောကကြီးကိုမေ့နေတဲ့ Joon..။

ရပ်ထားသောစက်ဘီးလေးရယ်...
Joonရဲ့အရောင်မှိုင်းမှိုင်းအနွေးထည်က
အရိုးရှင်းဆုံးသောဖြစ်တည်မှုတွေဆိုပေမယ့်
အဆန်းပြားဆုံးသောရင်ခုန်သံတွေကိုတွေ့ဆုံတိုင်းမှာ
ဖန်တီးတယ်.....။

ဆေးခန်းကနေပြန်လာတော့စာအုပ်ဆိုင်ကို
ပြေးကြည့်ခဲ့ပေမယ့် ရှိမနေ....။
စာအုပ်ဆိုင်မှာမရှိရင်ဘယ်မှာရှိနေမယ်ဆိုတာ
တန်းသိနိုင်တဲ့အထိ Joonကို Kimအလွတ်ရပါသည်။

တလောကရန်ဖြစ်လာပုံပေါက်တဲ့Joonဟာ
မျက်နှာမှာပြင်းထန်တဲ့အနာတရတစ်ခုနဲ့။
ဘယ်သူလုပ်တာလဲ ဘာကြောင့်ဖြစ်လာသလဲ
ဘာမှမေး၍မရခဲ့။
Joonဟာ ဂရုစိုက်ဖို့မလိုကြောင်းခပ်အေးအေးသာ
ပြောခဲ့တယ်...။

အေးအေးချမ်းချမ်းသဘာဝတရားလေးကို
ဘယ်ကောင်လက်သရမ်းသလဲသိပ်ကိုသိချင်ပါသည်။
သိတဲ့နေ့ကတော့ တွေ့ရာသချိုင်္င်းဓားမဆိုင်းပဲ။

ဘယ်လိုဖြစ်တည်မှုမှာမဆို လူတိုင်းဟာ
ကိုယ်သိပ်တွယ်တာရသောနှောင်ကြိုးလေးအပေါ်
မှာတော့အထိမခံကာကွယ်ပေးချင်ကြတာကြီးမလား။

ထိုအနာကို ဆရာဝန်ပီပီဆေးတွေပို့ရင်း
သိပ်ကုသပေးချင်ခဲ့တာမို့Joonဆိုင်ကို
ချောင်းပေါက်မတတ်ဝင်ထွက်ရင်းဂရုစိုက်
ပေးခဲ့တယ်...။

KimSeokJin ကစိတ်ကျန်းမာရေးအထူးကုပါ....။

ဒါပေမယ့် သဘာဝလေးအတွက်
အထွေထွေရောဂါကုအဖြစ်ဘွဲ့ပြောင်းလဲယူရင်း
ခုလည်းအနာကိုခေါင်းစဉ်တပ်ကာပန်းခြံထဲသို့
လိုက်လာခဲ့သည်။

"Joon....."

"Joon...."

စာကြည့်မျက်မှန်နဲ့Joonဟာအာရုံသိပ်မျောနေ၍
သူခေါ်နေတာကိုမကြားသုံးခွန်းမြောက်တော့
ကြားသွားကာမော့ကြည့်လာသည်။

"ဒေါက်တာ...ပါလား..."

"ငါထိုင်လို့ရမလား..."

မောင်Where stories live. Discover now