❤️Extra❤️

39.3K 2.5K 1.2K
                                    

ဘဝကပျော်ပျော်ရွှင်ရွှင်အေးအေးဆေးပဲ။
ဖက်ရှင်ကျကျ အလန်းစားဝတ်စားကာ
ခေါတ်ရှေ့ပြေးသောဒီဇိုင်းတွေကိုခြေစခေါင်းဆုံး
ဆင်းမြန်းလျှက် မောင်သည် မှန်ရှေ့တွင်ပြင်ဆင်နေတာ
မနက်လင်းထဲက။

ပြင်းရှရှရေမွှေးအားနောက်ဆုံးအဆင့်အနေနဲ့ဆွတ်
လိုက်ကာမှန်ကိုထပ်ကြည့်ပြန်၏။အသက်အရွယ်
တစ်ခုရောက်လာ၍မောင်သည်အိုမင်းခြင်းကိုမကြိုက်
သူ့ကိုယ်သူအလွန်အမင်းထိန်းသိမ်းနေသူတစ်ယောက်။
ထိန်းသိမ်းနိုင်သလောက်လည်းသက်တမ်းရင့်
ဝိုင်လို မောင်ဟာ ပိုပိုမူးယစ်လိုက်ချင်စရာ
ဖြစ်လာသည်။

ဖွင့်ထားသော Run (BTS Song)ကိုပိတ်လိုက်သည်။
ဒီသီချင်းကိုသိပ်ကြိုက်သည်။
သီချင်းကိုပိတ်လိုက်ပေမယ့်အရှိန်မသေသေး၍
အခန်းထဲကထွက်ကာဆက်လက်ငြီးဆိုလျှက်
လေတစ်ချက်တစ်ချက်ချွန်ကာတက်ကြွစွာ
JEonစံအိမ်တော်ကြီး၏လှေကားတွေအတိုင်း
ခပ်မြောက်မြောက်ဆင်းလာသည်။

"ဘာ!!!!!"

အောက်ထပ်ရောက်သည်နှင့်မနက်စာလေးကို
အိမ်အကူငါးယောက် အရံသုံးယောက်လောက်
ခစားပြီးခေါင်းရင်းခုံတွင်ထိုင်ကာ စားနေသော
မောင့်နှလုံးသားလေး။ဖုန်းပြောနေကာထုံးစံ
အတိုင်းဒေါသကမပြတ်လတ်။

မောင့်အတွက် မိုးလင်းတာနဲ့မောင့်Jimin
ကိုစတွေ့ရတာသည်အရင်ဘဝက
စကြဝဠာတစ်ခုလုံးကယ်တင်ခဲ့ပုံရပါ၏။
မောင့်အထင်မှားနေခြင်း။
Jeon ငယ်ဟာ မောင့်ထက်ဆိုးခဲ့တဲ့သူ။
ကယ်တင်မှုနတ္တိကံတရားတွေကိုသာ
စိတ်လိုက်မာန်ပါရေးခြစ်ခဲ့တာ။

မီးတောင်လေးက်ိုမြင်သည်နှင့်မောင်သည်
Run BTSမှAngel Babyလေးပြောင်းဆိုကာ
ဧကရာဇ်တစ်ပါးလိုစားနေသောမနက်စာဝိုင်းက
မောင့်အကြင်နာ​လေး၏ပါးနုနုလေးအား
ဖိကပ်နမ်းလိုက်သည်။ဒိုင်းခနဲထိုးလာသော
မျက်စောင်းသည် ရင်ထဲဟာခနဲ။

"စားစရာရှိတာစား စိတ်တိုနေတယ်...."

ပြောင်းရှင်းသပ်ရပ်နေသောမျက်နှာပေါ်က
မာန်တွေသည် တစ်နေ့တခြားလှလှပပကြီးထွား
လာသည်။MD Park ကတောင်ကိုရီးယားရဲ့လက်ရှိ
Top1စီးပွါးရေးလုပ်ငန်းရှင်။MD Park၏
ဘဝင်သည် မောင့်အပေါ်ကိုတောင်မလွတ်ခဲ့။
မောင်က အသက်ကြီးလာလေနှစ်ချို့ဝိုင်ဖြစ်လာ
သလိုMDကလည်းအာဏာစက်ပိုပြင်းလာသည်။

You've reached the end of published parts.

⏰ Last updated: Jul 10, 2022 ⏰

Add this story to your Library to get notified about new parts!

မောင်Where stories live. Discover now