💔14💔

39.1K 3.5K 841
                                    

"လူတွေကိုသိလည်းမသိ တစ်ခါမှမမြင်ဖူးနေခဲ့ဘဲနဲ့
မြင်မြင်ချင်းမုန်းနေတာမျိုး....
မျက်ရည်တွေဝဲမိတဲ့အထိ ဝမ်းနည်းသွားတာတာမျိုး
တွေက ကျတော့်ကိုယ်ကျတော်အရူးလို့
သတ်မှတ်လို့ရပီမလား"

SeokJin သည်ဆေးစာအုပ်တစ်ခုကိုဖတ်ကာ
ဝရံတာတွင်Noteထုတ်နေသည်။
Jungkook သည်မျက်နှာချင်းဆိုင်ခုံတွင်
ထိုင်နေကာပီကေထိုင်ဝါးလျှက်ခြေထောက်
တွေချိတ်ထားပြီးစကားတချို့ပြောနေသည်။

SeokJin သည်Jungkook ကိုပြန်စေချင်နေပီ။
တလစာ အိပ်ဆေးတွေ စိတ်ငြိမ်ဆေးတွေ
သူ့စိတ်ကျန်းမာရေးအတွက်လိုအပ်တာမှန်သမျှ
အားလုံးလုပ်ပေးပီးပီဖြစ်ပေမယ့်....
ထုံးစံအတိုင်း သူပြောချင်ရာထိုင်ပြောနေတုန်း...။

ပြောမယ့်အကြောင်းအရာများသည်
အက်ကြောင်းထပ်စွာ...ဒါတွေပဲအကြိမ်ကြိမ်အထပ်ထပ်။
ဒါပေမယ့် မင်းပြန်တော့ကွာ လို့ တော့
Seokjin ဘယ်တော့မှမနှင်ရက်ခဲ့ပါ။

ဒီကုဋေရှစ်ရာရှစ်ထောင် သူဌေးသားလေးရဲ့
စိတ်ပိုင်းဆိုင်ရာပြသနာတွေကိုဖြေရှင်းပေးဖို့
နားထောင်ပေးဖို့လူ တစ်ယောက်မှရှိမနေဘူးဆိုတာ
SeokJinသေချာစွာသိနေခဲ့လို့...။

၁၆နှစ်သားJungKookကိုသူ့အမေဖြစ်သူက
လက်ဆွဲကာ အိမ်မက်ဆိုးတွေအလွန်အကျွံမက်ပြီး
ဖျားလာတယ်...စိတ်ကြီးလာတယ်
သူ့စိတ်သူမထိန်းချူပ်နိုင်ဘဲ အိမ်မှာမကြာခဏ
သောင်းကျန်းလို့ငြိမ်သွားအောင်လုပ်ပေးဖို့
ကျတော့်ဆေးခန်းကိုခေါ်လာခဲ့တယ်....။

ကျတော်ကဆရာဝန်ဖြစ်ခါစ...။
ဒီကလေးလေးကို အိပ်ပျော်အောင်
အတွေးတွေအဆင်ပြေအောင် အတတ်နိုင်ဆုံး
ကူရာမဲ့နိုးမလာအောင်တတ်နိုင်သမျှကြိုးစားကုပေးခဲ့
တယ်...။

အရင်ထက်အများကြီးသက်သာလာပါတယ်
လို့ဆို၍ရပေမယ့် တခါတရံတော့ ထထသွေးဆိုး
တတ်သေးသည်။သို့သော်ဒါအများကြီးအဆင်ပြေ
သွားတယ်ဆိုရမယ်လေ....။

Jungkook ကသူ့အမေကိုသိပ်ချစ်တယ်
သိပ်ယုံကြည်တာကြောင့် သူ့အမေယုံကြည်တဲ့
ကျတော့်ကို အများကြီးအားကိုးခဲ့တယ်...။

မောင်Where stories live. Discover now