💔19💔

44.6K 3.9K 2.2K
                                    

ဂျေ ကသိပ်စကားပြောလို့ကောင်းတဲ့ကောင်လေး....။

အထာကျကျ စတိုင်နဲ့ ဝိုင်ခွက်ကိုင်ကာ
ပါတီထောင့်တွင် ဂျေ နဲ့ တောင်စဉ်ရေမရပြောနေရသော
Feeling သည်အေးအေးဆေးဆေးပါပဲ...။

"ဆံပင်အပြာရောင်နဲ့ TaeHyung က
လိုက်တယ်.....အမြင်ဆန်းတယ်..."

"တော်ရုံလူတွေမလုပ်ရဲတာကိုမှ ကိုယ်ကလုပ်ချင်တာ
ကိုယ်ကထူးဆန်းတယ်မလား ဂျေ..."

"ဒါပေါ့...TaeHyung ကစတွေ့ထဲက
ဆန်းကြယ်တယ်...အမှုန်တွေ ကျတော်ဖယ်ပေးမယ်နော်"

"ကျေးဇူး ဂျေ...."

ဂျေ့ လက်တွေ စိမ်းပြာရောင်ဆံပင်တွေအပေါ်
ရွေ့လျှားလာကာ ခပ်ဖွဖွလာထိတော့
ထယ်ယောင်း လူကြီးကို လှမ်းကြည့်ရသေးသည်။
လူကြီးသည် သူ့အာရုံနဲ့သူမို့ စိတ်ချရသော
အခြေအနေ တွင် ထယ်ယောင်းသည် ပြုံးယဲ့ယဲ့လေး
ဖြတ်သန်းနေချိန်
ကျယ်လောင်တဲ့ခေါ်သံငယ်တစ်ခု.....။

"မောင်!!!!!...."

မလှမ်းမကမ်းမှ...ဒေါသတကြီးဆောင့်အော်
လိုက်သောအသံသည် TaeHyung
နားတွေ ထယ်ယောင်းအာရုံတွေ
ထယ်ယောင်းမှတ်ဥာဏ်တွေအားလုံးကို
ပြိုင်တူလှုပ်နိုးလိုက်သလိုဖြစ်ကာ
ရင်ဘက်ပေါ်တစုံတခုနဲ့ဖိချလိုက်သလိုခံစားလိုက်ရသည်။
ချက်ချင်းဆိုသလိုလှမ်းကြည့်မိခဲ့သည်။

ဟင်....!

ပြောင်ရှင်းနေသောမျက်နှာငယ်လေး....။
ဒါပေမယ့် ဒေါသနဲ့မာနတွေ...လောဘတွေပါ
ရောယှက်နေကာ ခပ်ရဲရဲ....။

ထယ့်မျက်ဝန်းလှလှလေးတွေဝိုင်းစက်သွားတော့သည်။

တွေ့ပြီ........။
သူ့ကိုတွေ့ခဲ့ပြီ......။
ဆယ်စုနှစ်တစ်ခုလုံးအိမ်မက်တွေထဲမှာ
ရှင်းရှင်းပြတ်ပြတ်ညတိုင်းမြင်မက်နေရသော
မျက်နှာသေးသေးလေး...။

ထယ် သည် ရုတ်တရက် မို့မယုံကြည်နိုင်စွာ
လက်ထဲက ဝိုင်ခွက်ပင် လွတ်ကျသွားခဲ့သည်။

ကျတော် ရှာဖွေနေခဲ့တာ.ပါ....။
ကျတော် အိမ်မက်တွေထဲကို သခင်တိုးဝင်
ကျီစယ်တဲ့နေ့ထဲက အပြင်လောကမှာ
သခင်ဟာသေချာပေါက်အသက်ရှင်နေလိမ့်မယ်
လို့ယုံကြည်ပြီး ကျတော်ဆယ်နှစ်လုံးလုံး
လိုက်ရှာခဲ့တာ....။

မောင်Where stories live. Discover now