❤️Extra❤️

32.5K 2.9K 1.2K
                                    

အနက်ရောင်ဇိမ်ခံကားတံခါးနားမတ်တပ်ရပ်
ကာ ထုံပေပေမျက်နှာသည် တည်တင်းခက်ထန်
နေလျှက်ရှိသည်။

"ထယ်....ခုတမျိုးတော်ကြာတမျိုးတွေ
မလုပ်နဲ့ကွာ မင်းသွားချင်သလား
မသွားချင်ဘူးလား ဒါပဲပြော....."

အသက်အရွယ်တစ်ခုအရအပြာရောင်ဆံပင်
လေးတွေမဟုတ်တော့ဘဲ အညိုရင့်ရောင်
ဆံနွယ်တွေကို သေသပ်စွာပုံချကာ
တစ်ကိုယ်လုံး ဒေါ်လာထောင်ချီတန်သော
Gucci Kingသည် ညနေစောင်းတွင်
ခြေဆုံးခေါင်းဆုံးအညိုရောင်
တွေဖြင့်ခမ်းနားနေသည်။

"လူကြီးက စိတ်မရှည်တာလား...
ကျွန်တော် မဆုံးဖြတ်နိုင်သေးလ်ို့ကားပေါ်
မတက်သေးတာပေါ့...."

အနောက်တိုင်းဝတ်စုံအနက်ရောင်ဖြင့်
MinYoongi သည်အသက်အရွယ်တစ်ခု
ရောက်လာလေ ပိုခန့်ညားလာလေဖြစ်လာကာ
ဝေတေဝါးတားလုပ်နေသောကောင်းကင်ပြာလေး
ကိုစိတ်မရှည်တော့....။

"TaeHyung မင်းစိတ်မနိုင်ရင်မသွားနဲ့ကွာ
ဘာမှတော့မဖြစ်နိုင်ပါဘူး...
ParkJimin က ဖိတ်တယ်ဆိုတာကလည်း
လူမှုရေးအရဖြစ်မှာပေါ့ မဖြစ်မနေကြီး
ခေါ်နေတာမှမဟုတ်တာ....."

Hoseokသည်လည်းဝတ်စုံပြည့်ဖြင့်ငြူစူနေပြီ။

JEon Family၏ New Year Partyသည်
သူတို့စံအိမ်တော်ကြီးထဲတွင်ကြီးကျယ်ခမ်းနား
စွာလုပ်မည်ဖြစ်ပြီး ရှိသမျှသောအပေါင်းအသင်း
မှန်သမျှကိုဖိတ်ခဲ့ကြသည်။
တိုက်ဆိုင်စွာ ဒီနှစ် New yearကိုကိုရီးယားမှာ
ပြန်နေဖို့ MinYoongi တို့ပြန်လာကြတဲ့အခါ
Hoseokကိုအရင်သွားတွေ့ကြသည်။

မောင်တို့ စုံတွဲ..Hoseokကိုဖုန်းဆက်ကာ
လှမ်းဖိတ်နေသည့်အချိန်တွင် MinYoongi
တို့လည်းပြန်​ရောက်နေကြောင်းစကားစပ်မိ၍
မောင် အတန်တန်တားနေသည့်ကြားက
ဆိုင်သူလေးက မောင့်ရင်ဘက်တွေကို
သုံးချက်ဆင့်ရိုက်ပါးစပ်ပိတ်ခိုင်းထားပြီး
Yoongi တို့ကိုဖိတ်လိုက်သည်။

၈နှစ်တောင်ရှိပြီမို့ အရာရာအနည်ထိုင်ရုံမက
ဘာမှရှိတော့မှာမဟုတ်ပါ။MinYoongi သည်
စီးပွါးဘက်ဟောင်းဖြစ်ပြီး ဘာကြောင့်မှန်းမသိ
TaeHyung ကိုလည်းအဆင်ပြေပြေပြန်ဆုံတွေ့ချင်
နေသည်။အချိန်တွေကနည်းမှမနည်းတော့ဘဲ
အားလုံးလူကြီးလူကောင်းတွေဖြစ်နေကာ
မာယာတစ်သိန်းပင် အလွန်ရင့်ကျက်နေပြီ။
Kooပင်၈နှစ်သားရှိနေပြီး လူကြီးစကားတွေသာ
ပြော၍ MD သွေးတက်ရုံမက သွေးစုတ်နေသည့်
ဘဝကိုရောက်နေသည်။

မောင်Where stories live. Discover now