💔26💔(Part1)

42.3K 3.7K 1.6K
                                    

"JungHoseok!!!!!!!"

အသံဩဩကဒေါသတကြီးအော်ဟစ်လိုက်တဲ့အခါ
Hoseokတုန်တက်သွားခဲ့သည်။

"ငါ...ငါခဏလေး...စားစရာလေး
တွေထွက်ဝယ်ရုံလေး....တစ်နာရီတောင်မရှိ
တဲ့အချိန်လေးမှာ မင်း ဘာလို့မတားနိုင်ရတာလဲ
ငါ့လက်ထဲရောက်လာဖို့ ငါဘယ်လောက်များ
ကြိုးစားထားရလဲမင်းသိရဲ့လား!!!!"

ထယ်တစ်ညလုံးတစ်နေကုန်စောင့်နေခဲ့သည်။
Jimin ကလည်းနှစ်ခြိုက်စွာအိပ်၍ကောင်း
နေတုန်း....ညစာကောင်းကောင်းစားရရန်
သူခဏလေးအပြင်ထွက်ဝယ်ခြမ်းတဲ့အချိန်ပြန်လာတော့
Jimin မရှိတော့.....။
ဘာကြောင့် လျှာရှည်ပြီးဖွယ်ဖွယ်ရာရာစားစရာ
တွေကိုဝယ်ချင်ခဲ့တာလဲ.....။
TaeHyungကိုယ့်ကိုကိုယ်လည်းစိတ်တိုကာ
လွယ်လွယ်လေးလွှတ်ပေးလိုက်တဲ့
Hoseokကိုလည်းမကျေနပ်... ။

"သူသိပ်စိတ်တိုနေတယ် TaeHyung
ပြီးတော့ သူနိုးလာလို့ မင်းကိုမြင်ပြီပဲထား
မင်းဘာဆက်လုပ်ပြီး ဘာတွေပြောမှာလဲ....
ခုချိန်မှာ သူဘာအမျှင်မှပြတ်တာမဟုတ်သေးဘူး
မင်းဒီလိုလုပ်လာတာကိုကသိပ်ရူးလွန်းတာ....."

"JungHoseok...JungHoseok....
မင်း....မင်း....."

နီနီရဲရဲမျက်နှာလှလှလေးနဲ့TaeHyungခံပြင်း
နေပုံသည် အိမ်လည်ကောင် ဆောက်တည်ရာမရ။

"TaeHyung....ငါစကားတွေအကုန်ပြောပြီးပြီပဲ
ကွာ....မင်းနည်းနည်းလောက်တော့နားလည်ပါ"

"တရားလာပြမနေနဲ့..!!!
မင်းကငါ့ငယ်သူငယ်ချင်း
ငါ့လူ....ဘာလဲ မင်းစီးပွါးရေးကိုအကျိုးပြုနေတဲ့
မင်းတက်တူးမင်းသားဘက်ကပါချင်တာလား...."

"အေး...သူငယ်ချင်းမလို့...
ငယ်သူငယ်ချင်းမလို့...မခံစားရအောင်
ဒုက္ခမရောက်ရအောင် မင်းကသူများအိမ်ထောင်ရေး
ကြား ဝင်ပါရမဲ့ ဖြစ်တည်မှု မဟုတ်ဘူး TaeHyung
အသာယာဆုံး အိမ်ထောင်လေးတစ်ခုနဲ့
အချစ်ခံရမယ့်ကောင်လေးပဲဖြစ်ရမှာ
မင်းသိလား.....မင်းဘဝကြမ်းခဲ့လို့
ငါငယ်သူငယ်ချင်းတစ်ယောက်အနေနဲ့
မင်းဘဝနေ့ရက်တွေမှာမျက်ရည်တစ်စက်တောင်
ငါမမြင်ချင်တော့ဘူး ထယ်...ငါ့စေတနာပါကွာ...."

မောင်Where stories live. Discover now