💔40💔(Part1)

47.2K 3.6K 3K
                                    

ကျိန်စာဆိုးတွေရယ်ဆုတောင်းကောင်းလွန်းခြင်းတွေရယ်
ကြီးမားလွန်းသောအစွဲအလန်းတွေရယ်....
သေမတတ်ရူးမတတ်ချစ်ပြနိုင်ခဲ့ခြင်းတွေရယ်
ဘယ်သူ့ကိုမှ လွန်တယ် မလွန်ဘူး လက်ညိုးထိုး၍
မရခဲ့ဘဲ ချစ်ရမယ့်တာဝန်တွေအပေါ်
ချစ်ရသူတွေအပေါ်  သူတို့အားလုံးရဲ့မေတ္တာတရားတွေ
ဟာအချိန်တန်တော့ကိုယ်စီကိုယ်စီနေသားတကျလေး
ရှိသွားခဲ့ကြတယ်။

တစ်ခန်းရပ်ပြဇာတ်တစ်ခုလို ကောင်းကင်ပြာလေးနဲ့
တိမ်တိုက်လေးက စိတ်သစ်လူသစ်နှလုံးသားအသစ်လေးဖြင့်အချစ်ခံဘဝလေးတွေကို နိုင်ငံလှလှလေးတစ်ခုမှာစတင်နေပြီ....။

စာအုပ်ဆိုင်လေးလည်းအရောင်းအဝယ်တွေ
ကောင်းစွာ တစ်ခါတရံစက်ဘီးတစ်ယောက်တစ်စီး
ဖြင့်ညနေစောင်းတွေ သဘာဝလေးနဲ့လမင်းလေး
ရဲ့အေးချမ်းဆုံးဘဝလေးကိုလည်းမြင်နိုင်ပါသည်။

Customer တွေနဲ့အချိန်တိုင်းတက်ကြွနေတတ်သော
တက်တူးဆရာလေးလည်းတည်တည်ငြိမ်ငြိမ်..။
ပြောရခက်သောသူငယ်ချင်းကိုလွမ်းရင်း
ဘဝနေ့ရက်တွေကို ပုံမှန်အတိုင်းပဲဆက်ဖြတ်သန်း
နေကြသည်ပေါ့...။

ဒါဆိုဘယ်သူကဇာတ်သိမ်းခန်းရောက်ခါနီးအထိ
မအေးချမ်း သေးတာလဲ ......။
ဘယ်သူမှမဟုတ်ပါဘူး...။

စာဖတ်သူတို့ တစ်ခါတစ်လေ စိတ်ဆိုးခဲ့ကြ
တစ်ခါတစ်လေသနားခဲ့ကြ
တစ်ခါတစ်လေအသဲယားခဲ့ကြ
တစ်ခါတစ်လေကျ ရီချင်ခဲ့ကြ
တစ်ခါတစ်လေကျ တုတ်ကြီးကြီးနဲ့ဖွဖွလေးရိုက်ချင်
နေခဲ့တဲ့ ဇာတ်လိုက်ကျော် မောင် ပါပဲ.....။

"ငါ့ဘဝမှာ ဒီလိုဆိုးဆိုးဝါးဝါးနေ့ရက်မျိုးတွေ
ဆက်တိုက်ဆက်တိုက်ဖြစ်လာလိမ့်မယ်လို့
အိမ်မက်ထဲတောင်ထည့်မမက်ဖူးဘူး...Rom
ငရဲက မြေကြီးထဲမှာမရှိဘူး....
ငရဲက Airconခန်းထဲမှာလည်းရှိနေနိုင်တာပဲ...."

"မလွန်မှ မလွန်ဆန်နိုင်တာ ခံပေါ့...
ငါကအစစ်ပါနေသေးတယ် F...."

"တစ်ယောက်ထဲခံစရာလား....မင်းပဲသွေးသောက်ဆို..."

"နေစမ်း ဂျေရာ....."

မောင်Where stories live. Discover now