💔8💔

36.6K 3.8K 608
                                    

မင်္ဂလာဆောင်ပြီးတဲ့ညထဲကမမြင်ရတော့
တဲ့သူဟာ အိမ်တော်ကိုတစ်ခါမှပြန်မလာခဲ့ပါ။

မိုးလင်းတိုင်းJeonအိမ်တော်ကြီးနဲ့
Jiminဟာ စိတ်ဝိဥာဉ်တွေသပ်သပ်စီ။
ဘာပဲဖြစ်ဖြစ်အိမ်ထောင်ရှိသွားပြီးဖြစ်သော
ယောကျ်ားတစ်ယောက်မို့ အိမ်ထောင်ဖက်က
ဘယ်ဆီကိုရောက်နေနေ စည်းတစ်ခုဘောင်တစ်ခု
ဆိုတာတော့ရှိသွားပြီ..။

ဒါကိုသူကောင်းကောင်းနားလည်ကာ
JeonJungkookဟာကောင်းကောင်းဆိုးဆိုး
ParkJiminရဲ့တရားဝင်ယောကျ်ား...

အတူတူနေနေမနေနေ မျက်နှာကိုမင်္ဂလာဆောင်ပီး
ထဲက မြင်ရရ မမြင်ရရ သတ်မှတ်ချက်တစ်ခုက
တော့ရှိသွားပြီမို့...အိပ်ယာနိုးလာတိုင်း
အိမ်များပြန်လာလောက်မလားလ်ို့အသံတချက်
နားထောင်မိသည်။

ပြန်လာစေချင်တာမျိုးမဟုတ်ပေမယ့်လည်း
လက်ထပ်ပီးပီဖြစ်၍ ပုံသေနည်းအမှန်တရား
တွင်သူတို့ဟာ ချစ်ချစ်မုန်းမုန်းအတူတူရှိနေရမှာပဲ။

ဒါပေမယ့် JeonJungkookဟာ
အရိပ်ပင်မမြင်ခဲ့ရ....။

နေရောင်ဖြာကျလာသောခန်းစီးလိုက်ကာ
ကိုဖွင့်လိုက်ကာ အမွှေးဖယောင်းတိုင်လေးကို
မီးညှိလိုက်သည်..။

တပတ်ရှိပြီ...။တပတ်ဆိုတော့နေသားတော့ကျလာပါပြီ
အိမ်တော်ကြီးသည်ကျယ်လွန်းလှ၍
တခါတလေမျက်စိပါလည်တတ်တာကြောင့်
မနည်းမှတ်သားရပါသည်။

အိမ်အကူတွေနဲ့လည်းရင်းရင်းနှီးနှီးမနေချင်
ခေါင်းဆောင်တယောက်လောက်ကိုသာ
သူစကားပြောတတ်ပြီး...နာမည်ပင်တစ်ယောက်မှ
မသိသောအိမ်ထဲ ဖာသိဖာသာပင်သူနေသည်။

သူဘာကြောင့်JungKook ကိုလက်ထပ်ခဲ့ကြသလဲ
တချို့ကလည်းသိနေမှာဖြစ်တာကြောင့်
အထင်မသေးရဲအောင်ကြိုကာကွယ်
ထားမှတော်ရာကျပါလိမ့်မည်။

ဥက္ကဌJeonသည်လည်းသားဖြစ်သူကို
ထိုးထည့်ကာဘယ်ကမ္ဘာဆီလွင့်ပျံ့သွားသလဲ
အဖေသည် သာကြောင်းမာကြောင်းတောင်
ဖုန်းမဆက်ခဲ့ပါ။

မေမေ့ကိုတော့နေ့တိုင်းဖုန်းခေါ်ကာ
အထီးကျန်ဆန်လွန်းလှ၍မနေချင်လွန်းသော
အိမ်ကြီးထဲ ပျော်နေကြောင်း ဘယ်လောက်ခမ်းနား
ကြောင်းစကားမရှိစကားရှာလျှောက်ပြောခဲ့ရသည်။

မောင်Where stories live. Discover now