💔2💔

46.4K 3.9K 565
                                    

"ရှုံးရင်....စိတ်ကြိုက်ထိုးကြေး..ကွာ..."

"JungKook JungKookသိပ်လေကြီးတာပဲ
အေး...မင်းလောင်းကြေးကိုငါကြိုက်ပီ...
ငါက သန်းချီပြီးလောင်းရတော့မှာလားလို့...."

"ငွေက ဘာလုပ်ရမှာလဲ
အရသာမရှိဘူး....မင်းလိုကောင်မျက်ခွက်
စုတ်ပြတ်သတ်အောင်ထိုးရတာမှ အရသာရှိမှာလေ..."

Club တစ်ခုတွင်ငြိလာသောရန်စသည်
မပြေလည်နိုင်ဘဲ ပြိုင်ကားကိုယ်စီဖြင့်
လမ်းမပေါ်တွင်လောင်းကြေးချနေသည်။
တဖက်ကလည်းအကောင်ကြီးကြီးမို့
JungKookကိုသွေးတိုးစမ်းကြည့်ချင်သော
အနေအထားရှိနေသည်။

"အေး...ငါကလည်းမင်းကိုထိုးရင်
Liveလွှင့်ပြီးထိုးပြမယ်..
မင်းကို အပေါင်းအပါးတွေအားလုံး
တစုတစည်းထဲကြည့်နိုင်အောင်....."

Jeonသည်...ခေါင်းတညိတ်ညိတ်ဖြင့်ပြုံးကာ
ပီကေကတော့အဝါးမပြတ်...။
ဘေးနားကအပေါင်းအပါးတသိုက်သည်လည်း
ပြောရဲဆိုရဲကောင်အား လက်တပြင်ပြင်ဖြင့်
ကြည့်နေကြသည်။

"ကြမ်းမှပေါ့....ဒါမျိုးကြိုက်တယ်
ယောကျ်ားပဲ....တက် အချိန်ဆွဲမနေတော့ဘူး...."

နှစ်ယောက်ပြိုင်တူကားပေါ်သို့တက်ကာ
နံပါတ်စဉ်ရေတွက်မှုပြီးသည်နှင့်မိုင်ကုန်
မောင်းထွက်သွားကြသည်။

အနိုင်ယူရမယ်လို့စိတ်ပိုင်းဖြတ်ထားရင်
နိုင်ကိုနိုင်တယ်ဆိုသော မေမေပြောခဲ့သောစကား။
ရှုံးမယ်ထင်ရင် ညစ်သင့်ရင်ညစ်တဲ့...။
မေမေက စိတ်ထားကောင်းမွန်ပြီး
ပျော့ပြောင်းသူတစ်ယောက်တော့မဟုတ်ခဲ့....
အမြဲပူပူလောင်လောင်ဇာတ်ကောင်တခုဖြစ်ခဲ့သည်။

သူ့လက်ဆွဲကာ ဒယ်ဒီ့ တမျိုးလုံးကို
ပတ်စိန်ခေါ်ခဲ့ပြီး ယောကျ်ားဖြစ်သူရဲ့
အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို
အရှုံးလည်းမပေးနိုင် လက်နက်လည်းမချချင်...
တစ်ယောက်ထဲကြိတ်ဖြေရှင်း ကြိတ်ခံစားရင်း
နောက်ဆုံးစိတ်ကျရောဂါနဲ့လောကကြီးထဲက
ထွက်သွားခဲ့တဲ့သူ...။
လူပျိုပေါက်အရွယ်မှာ အမေဆေးလိပ်သောက်
ရင်လိုက်သောက်ကြည့်
အမေအရက်သောက်ရက်လိုက်မြည်းကြည့်
အမေဆေးတချို့သုံးနေရင် စပ်စုကြည့်နဲ့
ကမ်းကုန်အောင်ဆိုးဖို့အရှိန်ကယူပီးနေပြီ။

မောင်Where stories live. Discover now