Part-8

108 20 2
                                    

Zawgyi
         အိမ်တံခါးသွားဖွင့်လိုက်လေတော့ သူမေ့လုနီးပါးဖြစ်နေသော အစ်ကိုဖြစ်သူ လွန်းမာန်ထက်ကိုတွေ့လိုက်ရလေသည်။ လွန်း၏ဘေးမှာတော့ တစ်ခါမှမမြင်ဖူးသေးသော အစ်ကိုကြီးတစ်ယောက်လည်းပါသေးသည်။

         လွန်းသည် သူ့ကိုတွေ့တာနှင့် မျက်မှောင်ကြုတ်သွားလေတော့ ဇန်တင်းသွားလေသည်။

… ဒီဘိုးတော်ကတော့! ဧည့်သည်မပါရင် သူ့ဗိုက်ကို ငါ့လက်သီးနဲ့အရင်မိတ်ဆက်ပေးတယ်…

         သို့သော် လွန်းသည် ညီမဖြစ်သူ၏ ဒေါသကို သတိထားမိဟန်မတူဘဲ ဧည့်ခန်းဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားလေတော့သည်။ဧည့်ခန်းထဲရောက်သည်နှင့် လွန်းက ဆိုင်ကယ်သော့ကို စားပွဲပေါ်သို့ပစ်ချလိုက်ကာ ပြောလာလေသည်။

"ဇန်ဇန်..ကျောင်းမသွားပြန်ဘူးလား?"

ထိုအချိန်မှ ဇန်ရယ်မိသည်။

"ကိုကိုကလည်းဗျာ.. ဒီနေ့က တနင်္ဂနွေနေ့လေ။ ကျောင်းပိတ်သွားတာနဲ့မသိတော့ဘူးလား? နောက်ဆို လာမယ်ဆိုကြိုပြော။ တော်ကြာနေ အိမ်ရှေ့ငုတ်တုတ်ထိုင်နေရမယ်။"

         ထိုအချိန်မှ လွန်းခေါင်းတညိတ်ညိတ်နှင့် ဖြစ်သွားလေသည်။ ရှိုင်းကတော့ ဧည့်ခန်းကို ကြည့်ရှုအကဲခတ်နေလျက်။

"ရှိုင်းဆက်... ဒီမှာလာထိုင်။"

         လွန်းက ရှိုင်းကိုခေါ်လိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ရန်ပြောလာလေသည်။

"အင်း.."

         လွန်းဘေးမှာ ရှိုင်းသွားထိုင်လိုက်တော့ လွန်းက ဇန်နှင့် မိတ်ဆက်ပေးလာလေသည်။

"ရှိုင်း... ဒါက ငါ့ညီ... ရှားဆက်ဇန်တဲ့။ ဇန်ဇန်လို့ပဲခေါ်။ ဇန်ဇန်... ဒါက ကိုကို့သူငယ်ချင်း... ရှိုင်းဆက်သွင်။"

         လွန်းကမိတ်ဆက်ပေးတော့ ဇန်ဇန်က ချက်ချင်း ရှိုင်းဘေးနားမှာလာထိုင်လေသည်။

         ထိုအစ်ကိုကြီးသည် သဘောကောင်းမည့်ပုံပေါက်သည့်အပြင် လွန်းနှင့်လည်းအတော်ခင်မည့်ပုံ။ လွန်းသည် ရပ်ဝေးမှ သူငယ်ချင်းတစ်ယောက်ကို ဘယ်တော့မှအိမ်ခေါ်မလည်ဖူးပေ။ ထို့ကြောင့် ဇန်လည်း ညီမပီသစွာ အစ်ကိုဖြစ်သူကို ထိုအစ်ကိုကြီးလက်ထဲသို့ ရိုရိုသေသေအပ်ရလေသည်။

ပြုံးတော်မူWhere stories live. Discover now