Thank You

121 11 2
                                    

Zawgyi
ဆိုေတာ့ ၿပီးသြားပါၿပီ။ ဒီဇာတ္လမ္းကို သေဘာက်လားဆိုေတာ့ သေဘာက်ပါတယ္။ ေက်နပ္လားဆို ေက်နပ္ပါတယ္။ စေရးတုန္းက စာအုပ္ထုတ္ဖို႔အစီအစဥ္မရွိေပမဲ့ အခုေတာ့ စာအုပ္ေလးနဲ႔သိမ္းထားခ်င္ပါတယ္။ ဒါေပမဲ့ ထုတ္ျဖစ္ဖို႔က ၾကာအံုးမွာပါ။

ရွားဆက္ဇန္နဲ႔ ေနမင္းရံဆိုတဲ့ လူသားေလးႏွစ္ေယာက္က ျပာျပာ့အတြက္ေတာ့ ထူးျခားတဲ့လူသားေလးေတြပါ။ သူတို႔ုႏွစ္ေယာက္က perfectly fitျဖစ္ၿပီး ဇန္႔အတြက္ဆိုရင္ ေနမင္းရံမွ ျဖစ္လိမ့္မယ္။ ေနမင္းရံအတြက္ဆိုရင္လည္း ရွားဆက္ဇန္မွ ျဖစ္လိမ့္မယ္ဆိုတဲ့ စံုတြဲမ်ိဳးလို႔ ကိုယ္ကေတာ့ခံစားရတယ္။

အရင္က ကိုယ္ဖန္တီးခဲ့တဲ့ သြန္းေခတ္တို႔ လင္းရိပ္တို႔လိုပဲ သူတို႔ႏွစ္ေယာက္ကိုလည္း ကိုယ္အတိုင္းထက္အလြန္ျမတ္ႏိုးရပါတယ္။

ဒီဇာတ္လမ္းေလးကိုအဆံုးသတ္ႏိုင္ခဲ့ပါၿပီ။ အဆံုးသတ္ကိုသေဘာက်မယ္လို႔လည္းေမ်ွာ္လင့္တယ္။ အစတုန္းက အျဖစ္ေလာက္ပဲေရးမယ္လို႔ေတြးထားေပမဲ့ တကယ္ေရးျဖစ္ေတာ့ ဒီဇာတ္လမ္းေလးကိုအစကေနအဆံုးအထိ တကယ္ျမတ္ႏိုးမိတယ္။ မႏၲေလးၿမိဳ႕ကို ေရာက္ဖူးရံုပဲမို႔ တစ္စံုတစ္ရာအမွားအယြင္းရွိသြားရင္လည္း တကယ္ေတာင္းပန္ပါတယ္။ မႏၲေလးကေနရာေတြနဲ႕ပတ္သတ္ၿပီး ေျပာျပေပးတဲ့ အစ္မေတြညီမေတြကိုလည္း ေက်းဇူးတင္သလို အဆံုးအထိဖတ္ေပးတဲ့စာဖတ္သူေတြကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ျပာျပာ့ေဘးကေန အျမဲအားေပးတဲ့ ကိုေနနဲ႔ ဇန္ငယ္ Role Playerေတြကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ျပာျပာ့စာေတြကိုအျမဲဖတ္ေပးတဲ့ညီမေလးဂ်ဴး… ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

ေနာက္ထပ္Ficအသစ္ကေတာ့ BLတစ္ပုဒ္ရွိပါ့မယ္။ ထံုးစံအတိုင္း ဟာသေႏွာထားတဲ့ အခ်စ္ဇာတ္လမ္းေလးပါပဲ။ "ငါ့ညီမကိုမထိနဲ႔"ဆိုတဲ့ ဝတၳဳေလးပါ။

ရိုးရွင္းတဲ့ ခ်စ္ျခင္းေမတၱာေလးေတြက စာဖတ္သူေတြကို လက္ေတြ႕ေလာကက အမာေတြကေန တစ္ခနတာေလး ေျဖေဖ်ာက္ေပးႏိုင္ၿပီး ျပံဳးေပ်ာ္ေစရင္ကို ဒီစာေရးသူ ပင္ပန္းရက်ိဳးနပ္ပါၿပီ။ အဲဒီလိုေပ်ာ္ရႊင္ေစမယ္လို႔လည္းေမ်ွာ္လင့္လ်က္…

ဆက္လက္ႀကိဳးစားသြားပါအံုးမည္။
ခ်စ္တဲ့ ျပာျပာ

4.6.2022

💙💙💙💙💙💙💙💙💙💙💙
Unicode

ဆိုတော့ ပြီးသွားပါပြီ။ ဒီဇာတ်လမ်းကို သဘောကျလားဆိုတော့ သဘောကျပါတယ်။ ကျေနပ်လားဆို ကျေနပ်ပါတယ်။ စရေးတုန်းက စာအုပ်ထုတ်ဖို့အစီအစဉ်မရှိပေမဲ့ အခုတော့ စာအုပ်လေးနဲ့သိမ်းထားချင်ပါတယ်။ ဒါပေမဲ့ ထုတ်ဖြစ်ဖို့က ကြာအုံးမှာပါ။

ရှားဆက်ဇန်နဲ့ နေမင်းရံဆိုတဲ့ လူသားလေးနှစ်ယောက်က ပြာပြာ့အတွက်တော့ ထူးခြားတဲ့လူသားလေးတွေပါ။ သူတို့နှစ်ယောက်က perfectly fitဖြစ်ပြီး ဇန့်အတွက်ဆိုရင် နေမင်းရံမှ ဖြစ်လိမ့်မယ်။ နေမင်းရံအတွက်ဆိုရင်လည်း ရှားဆက်ဇန်မှ ဖြစ်လိမ့်မယ်ဆိုတဲ့ စုံတွဲမျိုးလို့ ကိုယ်ကတော့ခံစားရတယ်။

အရင်က ကိုယ်ဖန်တီးခဲ့တဲ့ သွန်းခေတ်တို့ လင်းရိပ်တို့လိုပဲ သူတို့နှစ်ယောက်ကိုလည်း ကိုယ်အတိုင်းထက်အလွန်မြတ်နိုးရပါတယ်။

ဒီဇာတ်လမ်းလေးကိုအဆုံးသတ်နိုင်ခဲ့ပါပြီ။ အဆုံးသတ်ကိုသဘောကျမယ်လို့လည်းမျှော်လင့်တယ်။ အစတုန်းက အဖြစ်လောက်ပဲရေးမယ်လို့တွေးထားပေမဲ့ တကယ်ရေးဖြစ်တော့ ဒီဇာတ်လမ်းလေးကိုအစကနေအဆုံးအထိ တကယ်မြတ်နိုးမိတယ်။ မန္တလေးမြို့ကို ရောက်ဖူးရုံပဲမို့ တစ်စုံတစ်ရာအမှားအယွင်းရှိသွားရင်လည်း တကယ်တောင်းပန်ပါတယ်။ မန္တလေးကနေရာတွေနဲ့ပတ်သတ်ပြီး ပြောပြပေးတဲ့ အစ်မတွေညီမတွေကိုလည်း ကျေးဇူးတင်သလို အဆုံးအထိဖတ်ပေးတဲ့စာဖတ်သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ပြာပြာ့ဘေးကနေ အမြဲအားပေးတဲ့ ကိုနေနဲ့ ဇန်ငယ် Role Playerတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ပြာပြာ့စာတွေကိုအမြဲဖတ်ပေးတဲ့ညီမလေးဂျူး… ကျေးဇူးအများကြီးတင်ပါတယ်။

နောက်ထပ်Ficအသစ်ကတော့ BLတစ်ပုဒ်ရှိပါ့မယ်။ ထုံးစံအတိုင်း ဟာသနှောထားတဲ့ အချစ်ဇာတ်လမ်းလေးပါပဲ။ "ငါ့ညီမကိုမထိနဲ့"ဆိုတဲ့ ဝတ္ထုလေးပါ။

ရိုးရှင်းတဲ့ ချစ်ခြင်းမေတ္တာလေးတွေက စာဖတ်သူတွေကို လက်တွေ့လောကက အမာတွေကနေ တစ်ခနတာလေး ဖြေဖျောက်ပေးနိုင်ပြီး ပြုံးပျော်စေရင်ကို ဒီစာရေးသူ ပင်ပန်းရကျိုးနပ်ပါပြီ။ အဲဒီလိုပျော်ရွှင်စေမယ်လို့လည်းမျှော်လင့်လျက်…

ဆက်လက်ကြိုးစားသွားပါအုံးမည်။
ချစ်တဲ့ ပြာပြာ

4.6.2022

💙💙💙💙💙💙💙💙💙💙💙

ျပံဳးေတာ္မူWhere stories live. Discover now