Part-4

165 25 3
                                    

Zawgyi
ထိုစာအုပ်လေးကို ကြည့်လိုက်မိလေတော့ အရင်ဆုံးမြင်သည်က ရှားဆက်ဇန်ဟူသောနာမည်လေး။ စာအုပ်လေးကိုယူကာ ဖွင့်ကြည့်လိုက်မိတော့ အံ့အားသင့်သွားရလေသည်။

"လက်ရေးက............ သိပ်မလှဘူးပဲ။"

အမှန်တော့ ဇန်လေး၏လက်ရေးသည် မိန်းကလေးလက်ရေးဟုဆို၍မရလောက်အောင် ကြည့်ရဆိုးသည်။ သို့သော် ထိုလက်ရေးသည်ပင် နေမင်းရံ၏မျက်နှာတွင် အပြုံးတို့ကိုဖြစ်ပေါ်သွားစေသည်။ စာမျက်နှာတစ်ရွက်ချင်းစီကိုလှန်ကြည့်ရင်း သူရေရွတ်မိရသည်။

"ချစ်ဖို့ကောင်းလိုက်တာ။"

စာလုံးလေးများမှတဆင့် သူချစ်ရသူသည် စာကိုဘယ်လိုရေးနေမည်ဖြစ်ကြောင်း သူစိတ်ကူးပုံဖော်ကြည့်မိသည်။ မုန့်များယူပြီးပြန်လာသော ဒေါ်ပြုံးကြည်သည် စာအုပ်ကိုကြည့်ရင်း ပြုံးစိစိဖြစ်နေသောသူ့ကို မြင်သောအခါတွင်တော့ ပြောလာတော့သည်။

"အဲဒီစာအုပ်ကိုကြည့်ပြီးဘာတွေပြုံးနေတာလဲ? ဘာပြုံးစရာမှ မပါတာကို။"

"ဒီစာအုပ်ပိုင်ရှင်ရဲ့ မိဘတွေနဲ့ ကျွန်တော်နဲ့သိတယ်လေ။ စာအုပ်လေးကကျန်ခဲ့တာလားတီချယ်။"

"အတန်းဆင်းတုန်းက သူ့အတန်းပိုင်လာပေးထားတာပါ။ အဲဒီကလေးစုတ်လေးကို ဆူဦးမလို့။"

"ကလေးဆိုတော့မေ့တတ်တာပေါ့ဗျာ။ တစ်ခါတလေတော့ နားလည်ပေးလိုက်ပါတီချယ်ရယ်။ ကျွန်တော်တို့တုန်းကလည်း ဒီလိုပဲကို။"

သူရယ်ကျဲကျဲနှင့် ပြောမိလေတော့ ဒေါ်ပြုံးကြည်က ခေါင်းကိုခါရမ်းလိုက်ရင်း ပြန်ဖြေလာသည်။

"တခြားစီပါတော်။ ကိုးတန်းရောက်ရင်တော့ အဆောင်ရောက်အောင် သေချာပေါက်ကိုခေါ်ရမယ်။ မဟုတ်ရင် ကျောင်းမှာအတင်းလိုက်ကြပ်ရင်တောင် ဒင်းလေးကမရမက အချောင်ခိုဦးမှာ။ ကဲ... ထားပါလေ။ ဒီအတန်းက အဲဒီလောက်လည်းအရေးမကြီးသေးဘူးဆိုတော့ မင်းပဲ ယူသွားပေးလိုက်ပါ။ နောက်တစ်ခါထပ်မဖြစ်စေနဲ့လို့လည်းပြောလိုက်ပါဦး။"

ဒေါ်ပြုံးကြည်ထံမှထိုစကားကြားရသည်နှင့် နေမင်းရံ၏မျက်နှာသည် ရေထိ၍လန်းသွားသည့်ပမာ ပျော်ရွှင်မှုဖြင့်ပြည့်သွားလေတော့သည်။ စာအုပ်ကလေးကို သေချာပိတ်လိုက်ရင်း ထိုင်နေရာမှ ချက်ချင်းထမိသည်။ ဒေါ်ပြုံးကြည်က မုန့်များကို လက်ထဲသေချာထည့်ပေးရင်းပြောလာပြန်သည်။

ပြုံးတော်မူWhere stories live. Discover now