Part-15

95 13 1
                                    

Zawgyi
နောက်တစ်နေ့တွင်တော့ မုန့်များရောက်လာခဲ့လေသည်။ ဇန်သည် ဂိတ်ပေါက်တွင်မုန့်များယူပြီးပြန်လာရာ လမ်းတစ်လျှောက်တွင် တွေ့သမျှလူများက ကွက်ကြည့်ကွက်ကြည့်လုပ်သွားသည့်အပြင် သူငယ်ချင်းများ၏စနောက်ခြင်းကိုလည်း ခံရလေတော့သည်။

"ဇန်... မုန့်ဆိုင်ဖွင့်မလို့လား။"

ထိုသို့မေးခံလိုက်ရချိန်တွင်တော့ ဇန်မျက်နှာနီရဲသွားကာ ချက်ချင်းပြန်ဖြေလာလေသည်။

"ဆူးဆူးနဲ့လင်းလက်အတွက်ရောပါတယ်လေ။"

အမှန်တော့ နေမင်းရံပို့လာတာ ဇန်တစ်ယောက်တည်းအတွက်ဖြစ်သည်။ လေဖောင်းမုန့်များအပြင် ကျောင်းထဲတွင်မရောင်းသည့် အခြားမုန့်များကိုပါ ထည့်ပေးလိုက်တာကြောင့် ကျန်ကျောင်းအိတ်နှစ်လုံးအပြည့်ဖြစ်နေသည့်အပြင် ကြက်ကြော်၊ ကိုလာနှင့် ရေခဲမုန့်သုံးယောက်စာသည်လည်း မနည်းမနော။

အခန်းထဲရောက်သည်နှင့် မုန့်ထုပ်များကိုချကာ ဇန်ရေရွတ်လိုက်မိသည်။

"အဲဒီလူကြီးကလည်း ဒီလောက်အများကြီးပို့လာရသလားလို့။ မကောင်းတာတော့မဟုတ်ပေမယ့် အများကြီးပဲ။"

ထိုစကားကိုကြားတော့ ဆူးဆူးကရယ်သည်။

"နင်မပျော်တာလည်းမဟုတ်ဘဲနဲ့နော်။ မျက်နှာကြီးကပြုံးဖြီးနေတာပဲ။ ပြစမ်းပါဦး။ ဘာတွေပို့လာတာလဲ?"

မုန့်ထုပ်ဆီသို့ ဆူးနှင်းမေလက်လှမ်းလိုက်သောအခါတွင်တော့ လင်းလက်ကပြောလာလေသည်။

"ဆူးဆူး... ကိုနေမင်းရံက ဇန်လေးအတွက်ပို့လာတာလေ။"

ဇန်ကလက်ရမ်းလိုက်ရင်း ပြန်ပြောလာသည်။

"ရပါတယ်။ မုန့်တွေက နင်တို့အတွက်လည်းပါတာပဲကို။"

ဆူးနှင်းမေသည် လင်းလက်ကို "မြင်တယ်နော်" ဟူသောအကြည့်ဖြင့်ကြည့်လိုက်ပြီးနောက် ကြွတ်ကြွတ်အိတ်ထဲမှ မုန့်များကို အကုန်ထုတ်ကြည့်နေလေသည်။

လင်းလက်ကမေးလာပြန်သည်။

"အဲဒါဆို သူ့ကိုကျေးဇူးတင်တယ်ဘာညာဖုန်းဆက်ဦးမှာလား?"

ပြုံးတော်မူWhere stories live. Discover now