Part-14

91 14 0
                                    

Unicode

ဒဏ်ရာများကြောင့် ဇန်သည် အဆောင်ကို တစ်ပတ်နောက်ကျမှဝင်ခဲ့ရလေသည်။ အမှန်တော့ ဒေါ်သက်ထားသည် ဇန်၏မျက်နှာကို မြင်သည်နှင့် သမီးဖြစ်သူနှင့် မခွဲချင်သော စိတ်တို့ပါပေါင်းကာ အဆောင်ကိုမလွှတ်တော့ဟူ၍ပင် ပြောလာသည်။ သို့သော် အဆောင်ဝင်နှင့်နေသော လင်းလက်ကိုအားနာတာကြောင့် ဇန်ကပဲ မနည်းပြန်ပြောယူရလေသည်။

ပညာအောင်မြေ၏ အဆောင်များသည် သပ်ရပ်ကာ သန့်ရှင်းသလို အဆင့်လည်းမီသည်။ အိပ်ခန်းကျယ်တစ်ခန်းတွင် လူလေးယောက်ထားရှိသည်။ ကိုယ်ပိုင်ဘီရို၊ ကိုယ်ပိုင်စာအုပ်စင်အလတ်စားလေးတစ်ခုစီနှင့် စာကြည့်စားပွဲ၊ ကုတင်တို့ပေးထားသည်။ အခန်းတိုင်းတွင်အဲယားကွန်းတပ်ထားပေးသည်။

ထမင်းစားဆောင်သည်လည်း သပ်ရပ်သန့်ရှင်းကာ ခုံတန်းရှည်ကြီးများထားရှိပေးသည်။ ကျောင်းထဲတွင်လည်း ကန်တင်းရှိပြီးဖြစ်တာကြောင့် ကန်တင်းတွင်လည်း ဝယ်စား၍ရနိုင်သည်။ ထို့ပြင် အပြင်စားသောက်ဆိုင်များမှလည်း မှာယူ၍စားနိုင်သည်။ ထမင်းစရိတ်မသွင်းဘဲ အိမ်ထမင်းအိမ်ဟင်းတို့လည်းပို့၍ရသည်။

အဆောင်ထဲတွင် ကိုယ်ပိုင်ဖုန်းမကိုင်ရပေ။ အိမ်သို့ဆက်သွယ်ပေးနိုင်မည့်ကြိုးဖုန်းတို့ကို ဆောင်ရွက်ထားပေးသည်။ အားလပ်ချိန်နှင့် ထမင်းစားချိန်တိုင်း အိမ်ကိုဖုန်းခေါ်နိုင်သည်။ တစ်လလျှင်တစ်ခါ အပြင်ထွက်ခွင့်ပေးသည်။ မန္တလေးမြို့ခံများဆိုလျှင် တစ်လတွင် တစ်ရက်အိမ်ပြန်ခွင့်ပေးသည်။

ဇန်သည် ကိုယ့်အခန်းကိုယ်ဝင်ကာ အိပ်ရာခင်းပြီးအဝတ်တို့ကိုလဲလှယ်သည်။ အဆောင်တွင်လည်း ကျောင်းဝတ်စုံကိုသာဝတ်ဆင်ရပြီး ကျောင်းပိတ်ရက်များတွင်တောင် ကျောင်းဝတ်စုံကိုသာဝတ်ဆင်ရသည်။

"ဟင်းးး"

အိမ်မှထွက်လာစဉ်က ဘာမှသိပ်မတွေးမိခဲ့သော်လည်း ယခုအချိန်တွင်တော့ ရင်ထဲတွင်ဟာတာတာဖြစ်မိသည်။ ဝမ်းနည်းသလိုလွမ်းဆွတ်သလိုနှင့် အသစ်ဖြစ်နေသောအရာအားလုံးက သူနှင့်အစိမ်းသက်သက်ပင်။ အသားမကျနိုင်သေးဘဲ ထိကိုင်လိုက်သည့်အရာတိုင်းက အေးတိအေးစက်ဖြစ်နေသလို သူခံစားရသည်။

ပြုံးတော်မူWhere stories live. Discover now