Part-27

88 11 0
                                    

 Zawgyi
        ဇန်သည်လည်း ထိုသတင်းကိုကြားပြီသည့်နောက် သူ့အပြစ်မကင်းသလိုခံစားရပြန်သည်။ သို့သော် သူလည်း သူမမှားဟုခံယူထားသည်မို့ အဆက်အသွယ်မလုပ်ခဲ့ချေ။ နေမင်းရံသည် facebook အကောင့်ကိုလည်း ဖျက်သွားခဲ့သည့်အပြင် ဇန်သည်လည်း နေမင်းရံအကြောင်းကို ဘယ်သူ့ကိုမှမမေးဖြစ်ခဲ့။

        နေမင်းရံထွက်သွားသည့်နောက် ဆူးဆူးသည်လည်း နေမင်းရံအကြောင်းသိပ်မပြောတော့ချေ။ နေမင်းရံအလုပ်များနေ၍ သူတို့အဆက်အသွယ်မလုပ်ဖြစ်ကြဟူ၍သာ ဇန့်ကိုပြောလာလေသည်။

…ကြည့်ရတာ နှစ်ယောက်သားအဆင်မပြေကြဘူးထင်တယ်…

        ဇန်သည် ထိုသို့တွေးလိုက်မိသော်ငြား သူ့နှလုံးသားသည် ဘယ်လိုမှအဆင်ပြေမနေ။ သူသည်လည်း နေမင်းရံအပေါ်အများကြီး သံယောဇဉ်တွယ်ခဲ့မိသည်ထင့်။ အချိန်တွေကြာသွားသည့်တိုင် နေမင်းရံသည် သူ့အတွေးများထဲမှ ထွက်ခွာသွားခြင်း မရှိခဲ့ချေ။ ထိုလူကြီးအကြောင်းကို တစ်နေ့ထက်တစ်နေ့ပိုပိုတွေးမိကာ သူ့နှလုံးသားတို့ ပိုမို၍နာကျင်လွမ်းဆွေးလာရသည်။

        သို့သော် ဆူးဆူးသည် ဇန်မှတဆင့် ဒေါ်နွယ်ထွန်းနှင့်ပင် ရင်းနှီးလာခဲ့သည်။ ဒေါ်နွယ်ထွန်းထံမှ အချက်အပြုတ်သာမက ချည်ထိုးပင်သင်လိုက်သေးသည်။ တစ်ခါတရံဆိုလျှင် သူမပါဘဲနှင့်ပင် ဒေါ်နွယ်ထွန်းဆီသွားလည် သေးသည်။

        ထိုအကြောင်းတွေးမိပြန်တော့လည်း ဇန်မကျေမနပ်ဖြစ်မိရပြန်သည်။ သူ့ကိုချစ်ခဲ့သမျှလူတိုင်းသည် နောက်ဆုံးတော့ ဆူးနှင်းမေကိုသာ ရွေးချယ်သွားကြသည်လေ။

…ဒီတစ်ခေါက်တော့ ဆူးဆူးလည်း အတည်ဖြစ်သွားပြီနဲ့တူပါတယ်…

        သို့ပေမဲ့… သို့ပေမဲ့ပေါ့လေ…

        သူဘာကြောင့် သိပ်ဝမ်းနည်းနေရသလဲ သူကိုယ်တိုင်ပင်တွေးမရခဲ့ပါချေ။

        နှစ်ဝက်ခန့်ကြာသွားပြီးနောက် အရာအားလုံးသည် ပုံမှန်လိုပြန်လည်ပတ်လာပြီးနောက် ဇန်သည်လည်း သူနှင့် ဆူးနှင်းမေကြားတွင်ဘာမှမဖြစ်ခဲ့သလိုသာ ပြောဆိုနေဆဲပင်။ သို့သော်ငြား ဆူးနှင်းမေဘက်ကတော့ တူညီစွာဆက်ဆံခြင်းမရှိတော့ချေ။

ပြုံးတော်မူWhere stories live. Discover now