Zawgyi
ထို့နောက် ဇန်သည် နေမင်းရံ၏အင်္ကျီစကိုခပ်ဖွဖွဆွဲလိုက်ရင်း ပြောလာလေသည်။"သွားရအောင်လေ။ အချိန်တွေကုန်ကုန်တော့မှာပဲ။"
ကစားကွင်းရောက်သည်နှင့် တစ်စက္ကန့်မျှပင်အငြိမ်မနေနိုင်သော ထိုအကောင်ပေါက်လေးနောက်ကို လိုက်ရင်း နေမင်းရံမြတ်နိုးတသပြုံးမိရသည်။ သူ့အတွက်တော့ ထိုကလေးကိုချစ်ရတာငြီးငွေ့ရတယ်ရယ်လို့ကိုမရှိ။
အချိန်နှစ်နာရီသုံးနာရီခန့် ဟိုဟိုဒီဒီလျှောက်ပြေးလွှားပြီးသည့်နောက်မှာတော့ ဇန်လေးသည် စိတ်ကျေနပ်သွားသည်ထင့်။ ခုံတန်းလေးတွင်ထိုင်ရင်း မုန့်ထုပ်လေးကိုဖောက်ကာ ခြေထောက်လေးနှစ်ဖက်ကို လှုပ်ရမ်းနေလေသည်။
"ရေသောက်အုံး။"
ရေသန့်ဘူးတစ်ဘူးကိုဖောက်ကာ ကမ်းပေးလိုက်ပြီးသည့်နောက် နေမင်းရံ၏အကြည့်တို့သည် ဇန်အနားတွင်သာဝေ့ဝဲလျက်။
"အဆင်ပြေသွားပြီလား။"
ကြင်နာယုယစွာမေးလာသော ထိုအသံသည် ဇန့်ရင်ထဲကိုတစ်မျိုးလေးဖြစ်သွားစေလာသည်။ နွေးထွေးလာသော ခံစားချက်တို့ကိုသတိမမူမိသော ကလေးငယ်သည် ရေဘူးကိုပြန်ပေးကာ အပြုံးအပြည့်ဖြင့် ဖြေလာပါ၏။
"အင်း။ အမောပြေသွားပြီ။"
စိုးရိမ်စိတ်တို့ဖြင့် ပြည့်နှက်နေသော မျက်ဝန်းတို့ကို ဘေးလူပင် လျစ်လျူမရှုနိုင်တော့ရကား လင်းလက်သည် ဝင်ပြောလာလေသည်။
"အပူရှိန်ကအရမ်းပြင်းနေတာ။ ဒီလောက်ဆော့ပြီးရင်တော်တော့။ အခုငါပြောစရာရှိတယ်။"
"အင်း။ ပြောလေ။"
လင်းလက်စကားစလိုက်သည်နှင့် ဇန်ရောဆူးနှင်းမေပါ သူမကိုအာရုံစိုက်လာကြလေသည်။
"ငါနောက် သုံးလလောက်ကြာရင် ဂျပန်သွားတော့မှာ။ ဒီရက်ပိုင်းတွေကစပြီး နင်တို့နဲ့အရင်လိုလည်နိုင်မှာမဟုတ်တော့ဘူး။ ငါစာမေးပွဲတွေဖြေရမယ်။ အလုပ်တွေများတော့မှာ။"
"နင့်တက်လမ်းအတွက်ပဲလေ။ ကောင်းပါတယ်။"
ဇန်သည် ဘာမျှအတွန့်တက်ခြင်းမရှိသလို စိတ်ဆိုးစိတ်ကောက်ခြင်းလည်းမရှိခဲ့ပေ။ လင်းလက်သည်လည်း ကျန်းမာရေးဂရုစိုက်ရန်ပြောဆိုပြီးနောက် ထိုနေရာမှအရင်ဆုံးထွက်ခွာသွားလေသည်။
YOU ARE READING
ပြုံးတော်မူ
RomanceZawgyi ကျွန်တော့်ချစ်ရသူ ပျော်ပါစေ။ ပြုံးရယ်ပါစေ။ ထိုအပြုံးလေးတည်မြဲစေဖို့ ဘာတွေဘယ်လိုပေးဆပ်ရပါစေ ပေးဆပ်ရန်အသင့်... ဒါကြောင့် ကျွန်တော်မြတ်နိုးရပါသော သဇင်ပန်းကလေး...... ပြုံးတော်မူ... Unicode ကျွန်တော့်ချစ်ရသူ ပျော်ပါစေ။ ပြုံးရယ်ပါစေ။ ထိုအပြုံးလေးတည...