Zawgyi
သို့သော် မိုးချုပ်နေပြီဖြစ်တာကြောင့် မိခင်ဖြစ်သူကို အသိပေးသွားရမည်လေ။"အမေ… သား ဇန့်ဆီခနသွားလိုက်အုံးမယ်။"
နေမင်းရံအလျင်စလိုဖြစ်နေသည်ကိုမြင်တော့ ဒေါ်နွယ်ထွန်းလည်း မေးလိုက်မိသည်။
"ဘာဖြစ်လို့လဲသား။ ဇန်တစ်ခုခုဖြစ်လို့လား?"
"ဆူးနှင်းမေနဲ့ရန်ဖြစ်တယ်တဲ့။ အဲဒါကျွန်တော်စိတ်ပူလို့။"
"ဇန်ကလည်းလေ… သူ့အပေါ်မကောင်းတာကိုသည်းခံနေသေးတယ်။ အမေလည်းလိုက်မယ်။ လမ်းကျ ဇန်လေးကြိုက်တဲ့မုန့်တစ်ခုခုဝယ်သွားရအောင်။ ဆိုင်ကိုအမေသိတယ်။"
ဒေါ်နွယ်ထွန်းသည် အဝတ်ပင်မလဲတော့ဘဲ ပိုက်ဆံအိတ်ဆွဲကာ ကားပေါ်တန်းလိုက်ခဲ့သည်။ မိခင်ဖြစ်သူကိုကြည့်ရင်း နေမင်းရံပြုံးလိုက်မိလေသည်။
"နောက်ဆို အမေ့ကိုပဲအားကိုးရတော့မှာပဲ။"
"ကဲပါ။ မြန်မြန်သွားရအောင်။"
…………………………………
အကြောင်းစုံသိရပြီးနောက် ဇန်ရယ်မိသည်။
"ခင်ဗျားကတော့ တကယ်ပါပဲ။ ကျွန်တော့်ကိုစိတ်ပူတာနဲ့ ကြီးနွယ်ပါအလုပ်ရှုပ်အောင်။"
"မရှုပ်ပါဘူးဇန်ရဲ့။ မေမေကဇန့်ကိုတောင် တွေ့ချင်နေတာကို။"
"ကြီးနွယ်က တအားချစ်ဖို့ကောင်းတာပါနော်။ ဒါနဲ့ ခင်ဗျားအခုထိ ဆူးဆူးနဲ့အဆက်အသွယ်ရှိနေတာလား?"
ဇန်မကျေမနပ်မေးမိသည်။ နေမင်းရံသည် အလုပ်များကာ ဆူးနှင်းမေကိုပင် မေ့နေလောက်ကြောင်း သူခန့်မှန်းမိသလို နေမင်းရံ၏အကောင့်ထဲလည်း အချိန်မရွေးဝင်ကြည့်လို့ရသော်ငြား တမင်မေးလိုက်ခြင်းဖြစ်လေသည်။
ထိုစကားကိုကြားလေတော့ နေမင်းရံသည် ချက်ချင်းဆိုသလို ပြန်ဖြေလာလေသည်။
"ကိုယ်မေ့နေတာ။ အခုပဲblockလိုက်မယ်။"
"ကျွန်တော်နဲ့မခင်တော့ရင်တောင် ခင်ဗျားနဲ့မိတ်ဆွေတွေဖြစ်နေတုန်းပဲလေ။ ခင်ဗျားဆက်ခင်ချင်သေးရင် ခင်လို့ရပါတယ်။ ကျွန်တော်စိတ်ရင်းနဲ့ပြောတာပါနော်။"
![](https://img.wattpad.com/cover/178037607-288-k708595.jpg)
YOU ARE READING
ပြုံးတော်မူ
RomanceZawgyi ကျွန်တော့်ချစ်ရသူ ပျော်ပါစေ။ ပြုံးရယ်ပါစေ။ ထိုအပြုံးလေးတည်မြဲစေဖို့ ဘာတွေဘယ်လိုပေးဆပ်ရပါစေ ပေးဆပ်ရန်အသင့်... ဒါကြောင့် ကျွန်တော်မြတ်နိုးရပါသော သဇင်ပန်းကလေး...... ပြုံးတော်မူ... Unicode ကျွန်တော့်ချစ်ရသူ ပျော်ပါစေ။ ပြုံးရယ်ပါစေ။ ထိုအပြုံးလေးတည...