Part-9

120 23 0
                                    

Zawgyi

"သူက ဇန့်ကိုလည်းမနှောက်ယှက်ဘူး။ ဇန်အတွက်လည်းတွေးပေးတယ်ဆိုရင် ဒါက ကောင်းတာပဲမဟုတ်ဘူးလား။ အရေးတယူကြီးလုပ်ပြီးခံစားမနေနဲ့ငါ့ညီရာ။ အဲဒီလူကို ပြန်မချစ်နိုင်ရင်တောင် ကောင်းကောင်းဆက်ဆံပေးလိုက်။ စိတ်ကိုလွတ်လွတ်လပ်လပ်ထား။ မျက်မှောင်တွေကြုတ်လွန်းလို့ ညီလေးက အစ်ကိုထက်ရုပ်ရင့်နေတယ်ဆိုမကောင်းဘူးလေ။"

         အတည်ကြီးစတင်ပြီး ကပေါက်တိကပေါက်ချာစကားနှင့်အမြဲအဆုံးသတ်တတ်သော အစ်ကိုရယ်ပါ။ ဇန်သည် ဆူပုတ်ပုတ်နှင့် လွန်း၏လက်မောင်းကို ဖတ်ခနဲရိုက်လိုက်မိသည်။ သူ့ကိုယ်သူအပြစ်ရှိသလိုခံစားမိတာမှမကြာသေး။ အစအနောက်က ခံရပြန်သည်။

"ကိုကို့စကားကိုနားထောင်မယ်မလား။ ဒီနေ့ကိစ္စနဲ့ပတ်သတ်ပြီး ကိုနေမင်းရံကို ပြန်တောင်းပန်ရမယ်နော်။"

         ထိုစကားကိုကြားလေတော့ ဇန်လေးသည် မျက်နှာကြီးစူပုတ်ကာ နှုတ်ခမ်းကိုတင်းနေအောင်စေ့ထားလေသည်။

"ကိုကိုပြောတာကြားလား?"

လွန်းမေးသော်လည်း တုတ်တုတ်မျှမလှုပ်။

"ဇန်လေး"

"အာ… ကိုကိုကလည်း…"

         ဇန်သည် မကျေမနပ်နှင့် နှုတ်ခမ်းကိုစူထော်ကာ ဂျီကျပြန်သည်။ ခေါင်းမာတတ်သည့်ဇကလေးက ပြလိုက်ရမှ။

"ဇန်လေးကလိမ္မာပါတယ်။"

"မလိမ္မာပါဘူး။"

         သို့နှင့် မောင်နှမနှစ်ယောက်သည် ညှိနှိုင်းရင်း ထသတ်ကြတော့မည့်အရိပ်အရောင်များပေါ်လာတာကြောင့် ဒေါ်သက်ထားသည် ကြားဝင်ကာ စေ့စပ်ဖြေရှင်းရလေတော့သည်။

"ကဲပါ။ ဇန်ငယ်လည်းတော်တော့။ ကိုလွန်းလည်းတော်တော့။ ဇန်… ကိုယ့်အပြစ်ကိုယ်သိမယ်နော်။"

"ဟုတ်"

         အမှန်တော့ ဇန်အပြစ်ရှိမှန်းသိသည်။ သို့သော် မတောင်းပန်ချင်တာကတော့ သက်သက်ဖြစ်သည်။ စိတ်ဆိုးသွားပုံပေါ်သော လွန်း၏ မျက်နှာထားကိုကြည့်ရင်း သူစိတ်မကောင်းပိုဖြစ်သွားမိရှာသည်။ ခရီးထွက်ခါနီး စိတ်မဆိုးစေချင်တာကြောင့် ဇန်သည် စိတ်ဆိုးဆိုးနှင့် ထိုင်နေသော လွန်း၏ အင်္ကျီစကိုခပ်ဖွဖွဆွဲကာ ဆိုလာပြန်ပါ၏။

ပြုံးတော်မူWhere stories live. Discover now