Zawgyi
"ကို!!"ဇန်ခေါ်လိုက်သော နာမ်စားလေးကြောင့် အားကစားရုံထဲတွင်ကျန်နေသော လူအများစု၏အာရုံသည် ဇန့်ထံသို့ရောက်လာလေသည်။
ဇန်သည် နေမင်းရံကိုဖက်ထားမိပြီး နေမင်းရံသည်လည်း ဇန့်ကိုပြန်လည်ပွေ့ဖက်ထားသည်။ အချိန်အတော်ကြာခွဲခွာနေရပြီး နောက်ဆုံးတော့ နှစ်ယောက်သား အတူတကွရှိနိုင်ပြီဖြစ်သည်။
ဇန်သည် နေမင်းရံကိုအမြန်လွှတ်လိုက်ကာ ပျာယာခတ်စွာပြောလာလေသည်။
"ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေနဲ့။"
နေမင်းရံသည် သူ့အင်္ကျီကို ခါပေးလာသောဇန့်ကို ပြုံး၍ကြည့်နေရင်း ပြောလာသည်။
"ဇန်ကစားသွားတာ တကယ်ကြည့်လို့ကောင်းတယ်။ ကစားပွဲစကတည်းက ကိုယ်ရောက်နေတာ။ အရမ်းပင်ပန်းနေမှာပဲ။"
ပုဆိုး၊ ရှပ်အင်္ကျီလက်ရှည်ကိုဝတ်ဆင်ထားကာ ခါတိုင်းနှင့်မတူသော နေမင်းရံကိုကြည့်ရင်း ဇန်ရယ်မိသည်။ ဒီလူကြီးက ဘယ်လိုဝတ်ဝတ်ကြည့်လို့ကောင်းနေသည်။ ဇန်သည် သနားစရာမျက်နှာပေးလေးနှင့် နေမင်းရံအနားကိုတိုးကပ်ကာ စချွဲလေတော့သည်။ ထိုပေါက်စသည် ကလေးမဟုတ်တော့သော်ငြား ချွဲရန်တော့မမေ့ပါချေ။
"ဇန်ကအရမ်းပင်ပန်းနေတာလေ။ ဇန့်ကိုရေခဲမုန့်လေးဝယ်ကျွေးပါနော်။"
အကြောင်းသိနေသော နေမင်းရံကလည်း ဇန့်ကို အလိုမလိုက်ချေ။ နှုတ်ခမ်းဆူကာချွဲနေသော ဇန့်ပါးပြင်လေးကိုခပ်ဖွဖွဆွဲညစ်ကာ ပြောလာပါ၏။
"မရဘူးနော်ဇန်။ အရမ်းပင်ပန်းထားတာ။ လည်ချောင်းတွေနာပြီး ဖျားလိမ့်မယ်။ နောက်နေ့ကျ ဝယ်ကျွေးမယ်နော်။ သူငယ်ချင်းတွေနဲ့မုန့်သွားစားဖို့ အစီအစဉ်မရှိရင် ဒီနေ့အိမ်စောစောပြန်ပြီးနားလိုက်အုံး။ ကိုယ်လိုက်ပို့ပေးမယ်လေ။"
"ကပ်ပတိန်က အရမ်းစည်းကမ်းကြီးတာ။ ကျွန်တော်တို့နိုင်တာကို မုန့်သွားမစားရဘူးတဲ့။ ကွတ်ကီးတစ်ခုစီပဲကျွေးပြီး အိမ်ပြန်နားခိုင်းတယ်။"
ဇန်ကပြုံးစိစိနှင့် လက်ထဲကဝက်ဝံပုံကွတ်ကီးလေးကိုပြလာတော့ သူတို့နှစ်ယောက်လုံးရယ်လိုက်မိကြလေသည်။
![](https://img.wattpad.com/cover/178037607-288-k708595.jpg)
आप पढ़ रहे हैं
ပြုံးတော်မူ
रोमांसZawgyi ကျွန်တော့်ချစ်ရသူ ပျော်ပါစေ။ ပြုံးရယ်ပါစေ။ ထိုအပြုံးလေးတည်မြဲစေဖို့ ဘာတွေဘယ်လိုပေးဆပ်ရပါစေ ပေးဆပ်ရန်အသင့်... ဒါကြောင့် ကျွန်တော်မြတ်နိုးရပါသော သဇင်ပန်းကလေး...... ပြုံးတော်မူ... Unicode ကျွန်တော့်ချစ်ရသူ ပျော်ပါစေ။ ပြုံးရယ်ပါစေ။ ထိုအပြုံးလေးတည...