Part-20

122 13 0
                                    

Zawgyi
         ဆိုင်မှပြန်အလာတွင်တော့ လွန်းသည် ခါတိုင်းနှင့်မတူဘဲ တိတ်ဆိတ်လို့။ ဇန်သည် မနေနိုင်စွာမေးမိရလေသည်။

"အခုကျ သူမဟုတ်သလိုပဲနော်။ လူရှေ့သူရှေ့ကျ ကိုရှိုင်းကို ကော်လိုပဲကပ်နေလိုက်တာ။ အရင်ကမလုပ်ဖူးပါဘူး။"

         ဇန်၏အမေးကို ရှိုင်းက ဝင်ဖြေမည်အလုပ် လွန်းကစကားဖြတ်ပြောလာလေသည်။

"ဘာမှမဖြစ်ပါဘူး။ ဒီနေ့စိတ်ကြည်နေလို့။"

"ပေါက်ကရတွေ"

         ဇန်သည် အစ်ကိုဖြစ်သူလိမ်နေမှန်းသိသော်လည်း ဘာမျှထပ်မမေးလာသလို စိတ်လည်းမဆိုးခဲ့ပေ။

         သို့ပေမဲ့ ရှိုင်းနှင့် ဖုန်းပြောချိန်တွင်တော့ ထိုကိစ္စကို သူပြောပြလာခဲ့လေသည်။

"ဆူးနှင်းမေကို ငါသဘောမကျဘူး။"

         လွန်းသည် သူ့စိတ်ထဲရှိရာကို တည့်တိုးပြောဆိုလာခဲ့လေသည်။

"အဲဒီကလေးမက အရင်ကလည်းအဲဒီလိုပဲ။ ငါ့ကိုအမြဲတမ်းရေလာမြောင်းပေးတွေလုပ်ဖူးတယ်။ ငါ့ဖေ့စ်ဘုတ်အကောင့်တွေရှာအပ်ပြီး စကားတွေအတင်းလာပြောသေးတယ်။ ဇန်ရဲ့သူငယ်ချင်းဆိုတာကိုအသုံးချပြီး အကွက်တွေရွှေ့ချင်တာ။"

"အဲဒါကိုဘာလို့ဇန့်ကိုမပြောပြတာလဲ။"

"အဲဒီကိစ္စကြောင့် ဇန်နဲ့ပြဿနာဖြစ်သေးတယ်။ နောက်တော့ ငါလည်းမပြောတော့ဘူး။ သူ့ဘာသာသူ သိလာမှာပါ။"

"အဲဒီကလေးမက တအားဖော်ရွေသလိုလိုနဲ့နော်။"

ရှိုင်းက ပြောမိတော့ လွန်းကရယ်သည်။

"ငါလည်းအဲဒီလိုထင်ခဲ့တာပဲ။ ခုနကလည်း သူမင်းကိုတစ်ချိန်လုံးကြည့်နေတာ။ မိန်းကလေးဖြစ်နေလို့။ ယောက်ျားလေးသာဆို ထထိုးမိတယ်။"

ထိုစကားကိုကြားတော့ရှိုင်းရယ်မိရသည်။

"ဇန်လေးကိုပြောပြသင့်တယ်နော်။ တခြားလူတွေကိုရော အဲဒီလိုတွေလုပ်ရင် ဇန်အတွက်လည်း မကောင်းဘူးလားလို့။"

"တစ်နေ့ကျ သူသိလာမှာပါ။ ဇန်က အဲဒီလိုပဲ။ သူခင်တွယ်တဲ့အရာတွေအပေါ်ဆို အစွဲအလမ်းကြီးတယ်။ ဒါပေမဲ့ အဲဒီအချိန်ကျ သူဖြေရှင်းနိုင်မှာပါ။"

ပြုံးတော်မူWhere stories live. Discover now