Zawgyi
"အဟင်းဟင်း"အကုန်လုံးအံ့အားသင့်လွန်း၍ အနေအေးလွန်းသော ရှိုင်းပင် မနေနိုင်ဘဲ မေးမိလေသည်။
"ဘယ်လိုဖြစ်တာလဲ?"
ဇန်သည် ရှိုင်း၏နားနားသို့ကပ်ကာ ခပ်တိုးတိုးပြောလိုက်သောအချိန်တွင်တော့ ရှိုင်းသည် သဘောတကျရယ်လာလေသည်။
"အကြံကောင်းတယ်။"
"နောက်ရက်ကျ မုန့်သွားစားရအောင်လေ။"
"ဇန်ဘာစားချင်လဲ?"
"ကျွန်တော်လား။ ကျွန်တော်က ပီဇာစားချင်တာ။"
လွန်းသည် ဇန်အနားသို့ရောက်လာပြီးနောက် ဆံပင်လေးများကို ဖွလာလေသည်။
"ခုနကတော့ အာပြဲလန်အောင်ငိုနေပြီးတော့ အခုကျတော့ မျက်နှာကြီးပြုံးဖြီးနေတာပဲ။"
"ကိုကိုကလည်း…"
ဇန်သည် နှုတ်ခမ်းလေးထော်ကာ အစ်ကိုဖြစ်သူကိုချွဲရပြန်ပြီးနောက် ရှိုင်းဘက်သို့လှည့်ကာ ပြောလာပြန်သည်။
"ကိုရှိုင်းတို့အားတဲ့ တစ်ရက်ကျ သွားကြရအောင်လေ။ ဒီပိုက်ဆံတွေနဲ့သွားစားကြမယ်။"
ထိုစကားကိုကြားသောအခါ လွန်းက ဝင်ပြောလာလေသည်။
"ပြီးရင် ငါတို့ပဲရှင်းရမယ့်ဟာကို။ လူလည်မကျနဲ့။"
ဇန်သည် တဟီးဟီးရယ်မောကာနေပြန်သည်။ ရှိုင်းက ရုတ်တရက်ပြောလာသည်။
"ကိုနေမင်းရံရောလိုက်ခဲ့ပါလား။"
"ကျွန်တော်လား?"
"အားတယ်ဆိုရင်လိုက်ခဲ့ပါလားဗျ။"
လွန်းပါဝင်ပြောလာတော့ နေမင်းရံဘာပြောရမည်မှန်းမသိတော့ပေ။ အမှန်တော့ သူပါလိုက်လျှင် ဇန်စိတ်အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်တာဖြစ်လေသည်။ ဇန်လေးကို ကြည့်လိုက်မိချိန်မှာတော့ ထိုကလေးပေါက်စနှင့်အကြည့်ချင်းဆုံသွားလေသည်။ ဇန်သည် ချက်ချင်းအကြည့်လွှဲသွားပြီးနောက် ပြောလာလေသည်။
"ခင်ဗျားလည်းလိုက်ခဲ့လေ။ လူများတော့ပျော်စရာကောင်းတာပေါ့။"
![](https://img.wattpad.com/cover/178037607-288-k708595.jpg)
YOU ARE READING
ပြုံးတော်မူ
RomanceZawgyi ကျွန်တော့်ချစ်ရသူ ပျော်ပါစေ။ ပြုံးရယ်ပါစေ။ ထိုအပြုံးလေးတည်မြဲစေဖို့ ဘာတွေဘယ်လိုပေးဆပ်ရပါစေ ပေးဆပ်ရန်အသင့်... ဒါကြောင့် ကျွန်တော်မြတ်နိုးရပါသော သဇင်ပန်းကလေး...... ပြုံးတော်မူ... Unicode ကျွန်တော့်ချစ်ရသူ ပျော်ပါစေ။ ပြုံးရယ်ပါစေ။ ထိုအပြုံးလေးတည...