Part-22

70 13 0
                                    

 Zawgyi
      ဒေါ်သက်ထားသည် ပြေးပင်ကြည့်မနေတော့ချေ။ ထိုကိစ္စသည် အိမ်တွင်ဖြစ်ပျက်နေကြပင်။ နောက်တစ်နေ့တွင်လည်း လွန်းဖေဖေသည် သတင်းကြားသည်နှင့် အလုပ်ပစ်ကာ အူယားဖားယားပြေးလာလိမ့်ဦးမည်။ နောက်ထပ်ဘယ်သူတွေရောက်လာမည်ကိုတော့ သူမ တွေးပင်မကြည့်ချင်တော့ပါပေ။

"သင်းလေးကတော့ တစ်ခေါက်လောက်ငိုလိုက်ပြီးပြီးသွားရော။ ငါ့မှာတော့ သူ့စိတ်ပူပြီးပြေးပြေးလာကြတဲ့လူတွေကို ဧည့်ခံလိုက်ရ၊ စကားထိုင်ပြောလိုက်ရနဲ့။ အမွှေလေး။"

       ဇန်သည် အမြဲငိုနေတတ်တာတော့မဟုတ်ပေ။ ငိုခဲသည်လည်းမဟုတ်။ သို့သော် ဇန်ငိုလျှင်တော့ တကယ်စိတ်ထိခိုက်၍ ငိုခြင်းဖြစ်မှန်း လူကြီးများ အားလုံးသိထားတာကြောင့် ဂရုစိုက်ပေးကြတာဖြစ်လေသည်။

"ဆူးဆူးနဲ့လင်းလက်ရန်ဖြစ်ကြတာလား။ ဇန့်ကိုလည်းဘာမှရှင်းမပြကြဘူးပေါ့?"

"အွန်း... မေးတော့လည်းမဖြေကြဘူး။"

       ဦးဇေယျာသည် ဇန်လေးနားတွင်ထိုင်ကာ အေးအေးဆေးဆေးမေးမြန်းလာလေသည်။ လွန်းနှင့်ဇန်သည် ဒေါ်သက်ထားကိုပြောမပြသော ကိစ္စများကအစ ဦးဇေယျာကိုတော့ ပြောပြလေ့ရှိသည်။ သို့သော် သူတို့နှစ်ဦးသည် ကိစ္စအတော်များများကို မိဘများထံမှ သိုဝှက်ထားလေ့မရှိကြချေ။

"သူတို့လည်းသူတို့အကြောင်းပြချက်ရှိမှာပေါ့လေ။ ဒါမှမဟုတ် ဘာအကြောင်းပြချက်မှမရှိတာလည်းဖြစ်နိုင်တာပဲ။ လင်းလက်က ဆူးဆူးကိုမချစ်တော့တာလည်းဖြစ်နိုင်တာပဲလေ။ သားနဲ့တော့ အဆက်အသွယ်လုပ်သေးတယ်မလား။"

"ဟုတ်။ နှစ်ယောက်လုံးအဆက်အသွယ်လုပ်တယ်။"

"အဲဒါဆို အရမ်းဝမ်းမနည်းနဲ့တော့နော်။ တစ်ချိန်ချိန်ကျ လင်းလက်ပဲဖြစ်ဖြစ် ဆူးဆူးပဲဖြစ်ဖြစ် အကြောင်းရင်းကို ပြောပြလာမှာပါ။ ဒါမှမဟုတ် နှစ်ယောက်သားပြန်တည့်ရင်လည်းတည့်သွားကြမှာပါလေ။"

"ဟုတ်"

       ဇန်နှင့် ဦးဇေယျာသည် စကားအပြန်အလှန်ပြောနေသော်ငြား လွန်းကတော့ ဘေးနားတွင်သာ ထိုင်ပြီးနားထောင်နေလေသည်။ သူဘာတစ်ခွန်းမှဝင်ပြောမလာသလို ဘာမှလည်းမေးမလာခဲ့ပေ။ ဇန်စိတ်အနည်းငယ်ပြေသွားမှ ရုတ်တရက်ထကာ ပြောလာလေသည်။

ပြုံးတော်မူWhere stories live. Discover now