Part-2

294 22 0
                                    

Zawgyi

"မေမေ"

         အဖြူနှင့်မီးခိုးထောင်လိုက်စင်း ညအိပ်ဝတ်စုံလေးကိုဝတ်ဆင်ထားသော ဖြူဥဥကလေးသည် လှေကားမှဆင်းလာပြီးနောက် ဘေးဘယ်ညာ ဘယ်သူ့ကိုမှမကြည့်ဘဲ လူကောင်ကြီးကိုမှမထောက် မိခင်ဖြစ်သူ ဒေါ်သက်ထား၏ရင်ခွင်ထဲသို့အတင်းဝင်တိုးလေတော့သည်။

"ဇန်လေးနိုးပြီလား? မေမေဆန်ပြုတ်ပြုတ်ထားပေးတယ်။ မျက်နှာသွားသစ်တော့လေကလေးရဲ့။ ဧည့်သည်တွေရှိနေတာကို။"

         ဒေါ်သက်ထား ချော့မော့ပြောနေသော်လည်း ဇန်လေးသည် ခေါင်းကိုခါရမ်းကာ ဒေါ်သက်ထားကိုအတင်းဖက်ထားလေသည်။

         နေမကောင်းဖြစ်နေသောအရှိန်ကြောင့် နားရွက်ကလေးများရော မျက်နှာလေးပါပန်းရောင်သန်းနေကာ အိပ်ရာထခါစဆံပင်စုတ်ဖွားလေးနှင့် ချစ်စရာကောင်းလွန်းနေသောဇန်လေးသည် အရပ်ကတော့ ပုသေးသေးမဟုတ်ပေ။ အရပ်ငါးပေဆယ့်တစ်ရှိသော အစ်ကိုဖြစ်သူထက် လေးလက်မလောက်သာပုသည်။ ခန္ဓာကိုယ်ကတော့ ပိန်ပိန်ကလေးဖြစ်သော်လည်း ညအိပ်ဝတ်လေးနှင့်တော့ အတော်လေးချစ်ဖို့ကောင်းနေသည်။

         ဇန်လေးသည် မိန်းကလေးဖြစ်သော်လည်း မိန်းကလေးဆန်ဆန်ဝတ်စားဆင်ယင်ရခြင်းကိုမနှစ်သက်သောကြောင့် ဆံပင်ကိုလည်းအတိုလေးသာထား၍ ယောက်ျားလေးအဝတ်များကိုသာဆင်ယင်ခဲ့သည်။ မိခင်ဖြစ်သူသည်လည်း အစ်ကိုဖြစ်သူကိုကောင်းမွန်စွာမပျိုးထောင်ပေးခဲ့ရသဖြင့် သူ့ကိုအလိုလိုက်ကာ ယောက်ျားလေးတစ်ယောက်လိုပြုစုပျိုးထောင်ပေးခဲ့သည်။ သို့သော် မိသားစုတွင်အငယ်ဆုံးဖြစ်တာကြောင့် အစ်ကိုဖြစ်သူရော မိဘများကပါ သည်းသည်းလှုပ်ချစ်ကာ အလိုလိုက်ကြသည်။ သူနေချင်သလိုနေခွင့်ရှိသည့်အပြင် ဝါသနာပါသောအရာမှန်သမျှကိုလုပ်ခွင့်ရပြီး သူ၏ ဆုံးဖြတ်ချက်သည်လည်း ပထမဦးစားပေးဖြစ်လေသည်။

         ရင်ခွင်ထဲတိုးကာ အိပ်ပျော်နေပြန်သော ထိုကလေးလေးကို ဒေါ်သက်ထားပွေ့ထားရပြန်သည်။ ကံကောင်းသည်က ဒေါ်နွယ်ထွန်းတို့သည် အားနာရမည့်သူများမဟုတ်တာကြောင့် သူမစကားစကိုဖြတ်ထားနိုင်သည်။

ပြုံးတော်မူМесто, где живут истории. Откройте их для себя