Part-5

153 26 7
                                    

Zawgyi
         ထို့နောက် ဇန်လေးသည် မိခင်၏ရင်ခွင်ထဲမှထွက်ကာ မုန့်ထုပ်များအား လက်ပိုက်ထိုင်ကြည့်ပြန်သည်။ သူ့ပုံကဝေခွဲမရဖြစ်နေသည့်ပုံပင်။ အချိန်အတော်အကြာ စိုက်ကြည့်ပြီးသည့်နောက်မှာတော့ မုန့်တစ်ထုပ်ကိုယူကာ ဖောက်စားလိုက်လေတော့သည်။ ထို့ပြင် နှုတ်မှလည်းပြောလိုက်သေးသည်။

"သူတောင်ပေးရဲသေးတာပဲ။ ကျွန်တော်လည်း စားတာပေါ့။ မုန့်လေးစားတာ အသားပဲ့ပါသွားတာမှမဟုတ်။"

"ကဲ ဒါဆို ဒီအဆီတုံးလေးတွေကိုရော ဘယ်လိုလုပ်မလဲ?"

         ဗိုက်လေးကိုခပ်ဖွဖွဆိတ်ရင်းပြောလိုက်မိလေတော့ ဇန်လေး၏မျက်နှာသည် ချက်ချင်းဆိုသလို နီရဲသွားလေတော့သည်။

"သား… သားက လေ့ကျင့်ခန်းပြန်လုပ်မှာ။"

"ဟုတ်ပါပြီရှင်။"

         ဒေါ်သက်ထားတွေးမိသည်။ ဇန်လေးတို့စာမေးပွဲပြီးပြီဆိုလျှင် သူမ၏သားကြီး လွန်းမာန်ထက်သည်လည်း စာမေးပွဲတော့ဖြေနေရလောက်ပြီဟူ၍။ လွန်းသည် မုံရွာတွင် စီးပွားရေးတက္ကသိုလ်တက်ရောက်နေသည်။ သူမသက်ပြင်းချမိသည်။ သူမရွေးချယ်ခဲ့သောလမ်းသည် ကလေးနှစ်ယောက်လုံးကို မထိခိုက်စေသည်မှာ သေချာရဲ့လားသူမ မသိ။

         ငယ်စဉ်ကအရွယ်ရောက်သည်နှင့် မိဘသဘောတူသည့်လူနှင့် လက်ထပ်ခဲ့ရသည်။ စီးပွားရေးဆန်ဆန် ပေါင်းစည်းမှုတစ်ခုသာဖြစ်ခဲ့သော သူမတို့အိမ်ထောင်ရေးသည် မတည်မြဲခဲ့။ သူမတို့ကို မိဘများမှ ကလေးတစ်ယောက်ယူခိုင်းသည်အထိတွန်းအားပေးကာ ချည်နှောင်ထားရန် ကြိုးပမ်းခဲ့သော်လည်း အလုပ်ကိုသာဦးစားပေးသောခင်ပွန်းနှင့် သူမသည် လက်တွဲမမြဲနိုင်ခဲ့ချေ။

         ထိုအခြေအနေများကြားတွင် သူမသည် သူမနှစ်နှစ်ကာကာ ချစ်မြတ်နိုးရသူနှင့် ဆုံဖြစ်ခဲ့သည်။ နောက်ဆုံးတော့ ခင်ပွန်းနှင့်နှစ်ဦးသား သေချာတိုင်ပင်ကာ ကွာရှင်းရန်ဆုံးဖြတ်ခဲ့ကြသည်။

         နှစ်ဖက်မိဘများက အစွမ်းကုန်တားဆီးခဲ့ကြသော်လည်း သူမတို့နှစ်ဦးလုံး ခေါင်းမာစွာရှေ့ဆက်ခဲ့ကြသည်။ သူမခင်ပွန်းဟောင်းသည် မိဘရပ်ထံပြန်ခဲ့သော်လည်းသူမကတော့ အမွေပြတ်စွန့်လွှတ်ခြင်းကိုပါ ခံခဲ့ရသည်အထိ။ သူမသည်လည်း ခေါင်းမာစွာနှင့် ချစ်သူနောက်သို့လိုက်ခဲ့သည်။ ထို့နောက် ဇန်လေးကိုမွေးဖွားခဲ့သည်။

ပြုံးတော်မူWhere stories live. Discover now