Part-1

824 34 4
                                    

Zawgyi

ကြယ်တွေဟာလည်း နေ့နှင့်မသက်ဆိုင်သလို သက်တန့်ကြီးလည်း ညခင်းနှင့်မအပ်စပ်ခဲ့ပေ။ ထို့အတူပင် အချို့သောချစ်ခြင်းတရားတို့သည်လည်း အစပျိုးလာကတည်းက မျှော်လင့်ချက်တို့ဆိတ်သုဉ်းခဲ့ပြီးဖြစ်လေသည်။

နဂိုကတည်းက ခံစားချက်တို့ကိုသိပ်အလေးအနက်ထားတတ်သူမဟုတ်တာကြောင့် ကျွန်တော့်ကမ္ဘာတွင် သံယောဇဉ်အများအပြားရှိမနေခဲ့။ နေ့စဉ်နေ့တိုင်း အလုပ်နှင့်အိမ် ကူးလူးသွားလာရင်းသာ ကျွန်တော့်ဘဝလေးအခြေကျနေခဲ့သည်။ ကမ္ဘာပေါ်တွင်ရှိနေသော များပြားလှသည့်ချစ်ခြင်းမေတ္တာများသည်လည်း ကျွန်တော်နှင့်သက်ဆိုင်ခြင်းမရှိခဲ့။ သို့သော် ကျွန်တော်သည် မီးပွားလေးတစ်စကိုမှ ချစ်ခြင်းမေတ္တာတည်ခဲ့မိသည်။ ကျွန်တော့်ဘဝတစ်ခုလုံးလောင်မြိုက်သွားမှာကို သိနေလျက်ပေါ့။

......................................................

နေမင်းရံသည် နေဝင်ခါနီး၍ရွှေရောင်ဟပ်ကာ လှိုင်းအနည်းငယ်ထနေသော ပင်လယ်ပြင်ကြီး၏ မလှမ်းမကမ်းရှိ သဲသောင်ပြင်လေးတွင် ခြေပစ်လက်ပစ်ထိုင်ရင်း အတိတ်တို့ကိုပြန်လည်တွေးတောမိလေသည်။

မျက်ခုံးတန်းတန်းတို့ဖြင့်အုပ်မိုးခြင်းခံထားရသော မျက်ဝန်းညိုတို့တွင် နေရောင်သည် ထင်ဟပ်နေလျက်။ ယောက်ျားပီသသောမျက်နှာထက်တွင်တော့ ခပ်ရေးရေးအပြုံးနုနုတစ်ခုတည်နေသည်။ ချစ်ရသူအကြောင်းတွေးမိလျှင်အလိုလိုမပြုံးမိသည့်သူဟူ၍မရှိသကဲ့သို့ပင်။

လွန်ခဲ့သောလေးနှစ်ခန့်က သူသည် ဤနေရာတွင်ရှိနေခဲ့သည်မဟုတ်။ သူ့အသက်နှစ်ဆယ့်တစ်နှစ်သာရှိသေးသော ထိုအချိန်တွင် သူသည် ဇာတိချက်ကြွေ မန္တလေးမြေတွင် မိသားစုစီးပွားရေးလုပ်ငန်းတချို့ကို စတင်ဦးစီးနေရသည့်အချိန်ဖြစ်သည်။

.........................................................

လွန်ခဲ့သောလေးနှစ်ခန့် အတိတ်ကာလ၏ တစ်ခုသောညနေခင်းတွင် နေမင်းရံသည် သူတို့မိသားစုပိုင်ဆိုင်သော ဆန်းရှိုင်းလုပ်ငန်းစု၏ တွေ့ဆုံပွဲတစ်ခုတွင်ရှိနေခဲ့လေသည်။

ပြုံးတော်မူWhere stories live. Discover now