Part-23

62 13 0
                                    

Zawgyi
       နေမင်းရံလည်းတွေးမိသည်။ အမှန်ဆိုလျှင် ဆူးနှင်းမေဘက်ကဘာမှမှားတာမရှိဘဲ လင်းလက်ကတစ်ဖက်သတ်စွန့်ခွာပစ်တာဖြစ်လေသည်။ ထိုကိစ္စနဲ့ပတ်သတ်၍ သူလည်းအတော်လေးစိတ်မကောင်းဖြစ်မိသည်။

"ဆူးဆူးတို့က အချိန်အကြာကြီးခင်လာကြတာ။ အလယ်တန်းလောက်ကတည်းက ဘယ်သွားသွား သုံးယောက်သား တပူးပူးတတွဲတွဲပဲ။…"

        ဤမှအစပြုကာ ဆူးနှင်းမေသည်ရှေးဟောင်းနှောင်းဖြစ်များကိုပါ ပြန်လှည့်ပြောဆို၍ ငိုချင်းချလေတော့သည်။ နေမင်းရံသည်လည်း ဆူးနှင်းမေကိုသနားတာကြောင့် နားထောင်ပေးရင်း ဖုန်းပြောချိန်သည် တစ်နာရီပင် ကျော်သွားလေတော့သည်။

"ဇန့်ကိုသွားပြောရင်ကျ သူပိုစိတ်ဆင်းရဲနေတော့မှာ။ အခုတောင်သူအတော်လေးနေရခက်နေတာ ဆူးဆူးသိပါတယ်။"

"အင်း။ ပြောင်းလဲလို့မရတော့ဘူးဆိုရင်လည်း လက်ခံရတော့မှာပဲလေ။ ဇန်ကတော့ ဆုံးဖြတ်ပြီးတဲ့ပုံပါပဲ။ အစ်ကိုလည်းဇန့်ကိုအရမ်းစိတ်ပူမိတယ်။ ဇန်ကစိတ်မာတယ်ထင်ရပေမဲ့ အရမ်းစိတ်မကောင်းဖြစ်တတ်တယ်။"

"ဟုတ်။ ဆူးဆူးဂရုစိုက်လိုက်ပါ့မယ်။"

        ဖုန်းပြောပြီးသည့်နောက်မှာတော့ နေမင်းရံသက်ပြင်းချမိရသည်။ အခုချိန်လောက်ဆို ဇန်ဝမ်းနည်းနေမှာသိပေမဲ့ အနှောင့်အယှက်သွားမပေးချင်ပေ။ အဆင်ပြေသလား မေးထားပေမဲ့စာပြန်ပို့မလာတာကြောင့် သူလည်း စိုးရိမ်နေရုံသာ တတ်နိုင်ခဲ့သည်။ ထို့နောက်နေမင်းရံသည် နေရာမှထကာ မိခင်ဖြစ်သူကိုလှမ်းပြောလိုက်လေသည်။

"အမေ… ဇန်ကြိုက်တဲ့မုန့်တစ်ခုခုလုပ်ပေးလို့ရလား။ ကျွန်တော်မနက်ဖြန်ကျ သွားပို့ချင်လို့။"

"ရတယ်လေ။"

        ဇန်စိတ်အခြေအနေမကောင်းမှန်း နေမင်းရံပြောပြထား၍ ဒေါ်နွယ်ထွန်းလည်းသိပြီးဖြစ်သည်။ နေမင်းရံမပြောတောင် မနက်ဖြန်လောက်ကျ ဇန်လေးဆီသွားဖို့ သူမဆုံးဖြတ်ထားပြီးဖြစ်သည်။

………………ပြုံးတော်မူ…………………

နောက်တစ်နေ့…

ပြုံးတော်မူWhere stories live. Discover now