Zawgyi
မီးဖိုချောင်သိမ်းပြီးသည်နှင့် ဇန်သည် အခန်းထဲသို့ တန်းပြေးလေတော့သည်။ စာအုပ်အချို့ကိုဖွင့်ကာ စာအနည်းငယ်ကြည့်လိုက်သေးသည်။ မနက်ဖြန်Testရှိတာကြောင့် စာလည်းကြည့်ရအုံးမည်လေ။သို့သော် ဇန်ဇန်ဆိုသည်မှာ စာအုပ်ရှေ့တွင်ကြာရှည်ထိုင်နိုင်သူမဟုတ်ပါချေ။ သူ့လက်က တဖြည်းဖြည်းနှင့် ဖုန်းနားသို့ရောက်သွားလေတော့သည်။
ထိုအခိုက် ဖုန်းဝင်လာတာကြောင့် ဇန်အံ့အားသင့်သွားလေတော့သည်။
"ဆူးနှင်းမေ???"
သိပ်မရင်းနှီးတော့သော ထိုနံမည်သည် ဇန့်နှုတ်ဖျားမှ ထွက်ကျလာပြီးနောက် သူသက်ပြင်းချလိုက်မိလေသည်။ ဖုန်းမကိုင်တော့ရင်ကောင်းမလား၊ ကိုင်လိုက်သင့်သလား သူတွေးမိသည်။
…ပြဿနာရှာလာရင်လည်း တစ်ခါတည်းအပြတ်ပြောလိုက်တော့မယ်ကွာ…
ဇန်စိတ်ဆုံးဖြတ်လိုက်ပြီးနောက် ဖုန်းကိုင်လိုက်လေသည်။ သူစိတ်ညစ်မိသည်။ ဒီလိုအခြေအနေမျိုးကို သူတစ်ခါမျှ မရင်ဆိုင်ခဲ့ဖူးချေ။ ဒီလိုနာကျင်စရာမျိုးကိုလည်း မကြုံတွေ့ချင်ခဲ့ပေ။ ဒီလိုဆုံးရှုံးမှုမျိုးကိုလည်း သူမလိုချင်ခဲ့ပေ။
"အင်းဆူးဆူး။"
"ဇန်… ဟိုတစ်နေ့က ငါမရည်ရွယ်ဘဲ လုပ်မိသွားတာပါနော်။ ဒဏ်ရာသက်သာသွားပြီလား။"
ဆူးနှင်းမေ၏ အသံခပ်သေးသေးသည် သူ့ကိုမျက်ရည်ဝဲလာစေခဲ့လေသည်။
"ငါသက်သာသွားပါပြီ။"
"အေးပါ။ နင်နဲ့ကိုနေအဆင်ပြေသွားပြီဆိုတော့ ကောင်းတာပေါ့နော်။ နင်တို့အတူတူသွားလည်ကြသေးလားဟင်။"
"မလည်ဖြစ်သေးပါဘူး။"
"သြော်… နင်ငါ့ကိုပစ်ထားတယ်နော်ဇန်။"
"မဟုတ်ပါဘူးဟာ။"
"အဲဒါဆို နင်တို့သွားလည်ရင်ငါ့ကိုလည်းခေါ်လေ။ ငါလည်းလိုက်ချင်တာပေါ့။"
နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်မည်မှန်း ဇန်သိထားပြီးဖြစ်လေသည်။ ကျလုဆဲဆဲမျက်ရည်တို့ကို လက်နှင့်ပွတ်သုတ်ပစ်လိုက်ပြီးနောက် ဇန်ပြန်ဖြေမိလေသည်။
![](https://img.wattpad.com/cover/178037607-288-k708595.jpg)
YOU ARE READING
ပြုံးတော်မူ
RomanceZawgyi ကျွန်တော့်ချစ်ရသူ ပျော်ပါစေ။ ပြုံးရယ်ပါစေ။ ထိုအပြုံးလေးတည်မြဲစေဖို့ ဘာတွေဘယ်လိုပေးဆပ်ရပါစေ ပေးဆပ်ရန်အသင့်... ဒါကြောင့် ကျွန်တော်မြတ်နိုးရပါသော သဇင်ပန်းကလေး...... ပြုံးတော်မူ... Unicode ကျွန်တော့်ချစ်ရသူ ပျော်ပါစေ။ ပြုံးရယ်ပါစေ။ ထိုအပြုံးလေးတည...