💔6💔

39.2K 3.6K 694
                                    

"အိမ်ရှေ့စံ"

"အိမ်ရှေ့စံ ကျတော်မျိုး Jeonပါ....."

"ကြားတယ်....ခဏလေးစောင့်
ပြတင်းပေါက်ကခုန်ဆင်းခဲ့မယ်..."

"ဟုတ်ကဲ့ အိမ်ရှေ့စံ..."

မီးပွဲတော်ဟာ မြို့မှာအထင်ကရပွဲတော်တစ်ခု...။
မြို့ထဲကလူငယ်လူရွယ်များအကုန်ပါဝင်ဆင်နွဲ
ကြပြီး ၁၂ရာသီပွဲတော်များတွင်အပျော်ရဆုံး
ပွဲဖြစ်သည်။

ထိန်းထိန်းလင်းနေသော
မီးတွေနဲ့အလှဆင်ထားတဲ့လမ်းတွေ
မီးပုံလှလှလေးတွေ....မြစ်ထဲဆုတောင်းလေးတွေ
ထည့်ကာလှေလေးတွေမျှောရသောယဉ်ကျေးမှုတွေ...
အိမ်ရှေ့စံမင်းသားဆိုပေမယ့်လည်း
ငယ်ရွယ်သောအသက်အပိုင်းအခြားပေမို့
လူငယ်ပီပီလျှောက်လည်ချင်ခဲ့သည်။

သွားစရာအပေါင်းအဖော်တွေအများကြီး
ရှိနေပေမယ့် မီးပွဲတော်လှလှလေးကို
သွားရမှာမို့ သင့်တော်သူသည် ပညာတတ်ကလေး
နူးနူးညံ့ညံ့လေးJeonအပြင်မရှိ။

ထူးဆန်းသည့်စိတ်ခံစားချက်များတွင်အိမ်ရှေ့စံသည်
ပျော်ရွှင်ဖွယ်ရာကိစ္စများကို
JEonနဲ့သာဖြတ်သန်းချင်တာဒီကောင်လေးကို
စတွေ့ထဲက။

စစ်ထွက်တိုက်ရသည့်ကိစ္စတွေ
နိုင်ငံ့ရေးရာ နန်းတွင်းအရှုပ်တော်ပုံ​တွေကို
တော့Jeonကိုတခါမှမပြောပြဖူး...
ဒါတွေကညီးညူးစရာတွေမို့...
ပျော်ရွှင်စရာစကားတွေ ဖြစ်ရပ်တွေ
အခိုက်အတန့်တွေမှာတော့ အိမ်ရှေ့စံသတိရတဲ့သူက
JEonငယ်လေးတစ်ယောက်ထဲကိုပဲ။

အရွယ်လေးရောက်လာတော့ ၁၈နှစ်အရွယ်Jeonဟာ
ကလေးလေးတစ်ယောက်တော့မဟုတ်တော့ပါ။
သူဘယ်ကိုခိုးထွက်ထွက် ဘယ်နန်းဆောင်
နံရံတွေပေါ်က ခုန်ချချ..ပိုင်နိုင်စွာဖမ်းထားပေးနိုင်
သော ယောကျ်ားငယ် တစ်ယောက်ဖြစ်လာခဲ့ပြီ။

ခိုးထွက်တယ်ဆိုလို့လည်း....မင်းသားအာဏာစက်
ဟာတစ်တိုင်းပြည်လုံးအပေါ်သက်ရောက်ရုံမက
အိမ်နီးချင်းနိုင်ငံတွေအထိ...ပြန့်ပြန့်နှံ့နှံရှိသည်။
ဒီပွဲကိုသူသွားချင်တယ်ဆို ဘုရင်တောင်တားနိုင်မည်
မဟုတ်.။သူသွားမယ် ခုလာခဲ့ဟုအမိန့်ပေးရင်
လည်းJeonသည်ချက်ချင်းရောက်လာရမှာပဲ။

မောင်Where stories live. Discover now