Intro

20.1K 1K 34
                                    

သရဲလေး​ရေ  ... သရဲလေး

မင်း ထိမ်းမြားတော့မယ်ဆို ... ။

မင်း သတို့သား နှုတ်ဖျားမှဲ့နဲ့

ကြည့်​ကောင်းလွန်းတယ်ဆို ... ။

မင်းရဲ့ ကြင်​ဖော် ကိုယုန်သွား

ချစ်စရာကောင်းတယ်ဆို ... ။

မင်း ကြင်​ဖက် ညိုညို​ချော​ချော

ခန့်ညားလွန်းတယ်ဆို ... ။

မင်း အိမ်​ထောင်ဘက် အရပ်မြင့်မြင့်

​​မျက်နှာပွင့်တယ်ဆို ... ။

မင်းရဲ့ လူသား ထိုလူသားက

စစ်ထွက်ပြန်ကြီးဆို ... ။

ဒါဆို မင်းတစ်​ယောက်
အ​ဖော်မမဲ့ရှာ​တော့ဘူး​ပေါ့​နော် ... ။

.
.
.
.
.
.
.
.
.
.
.

ခပ်တိုးတိုး ​မေးသံတို့သည် ခြံဝင်း၏ ပြင်ပမှတစ်ဆင့် အခန်းငယ်ထဲ ကူးလာသည် ။

ထို အ​မေးတို့သည် ​ခမ်းနား​သော အိမ်ကြီး၏ အ​နောက်ဘက်ခြမ်းရှိ အခန်းအတွင်းမှ သူတစ်​ယောက်အား ဦးတည်ခြင်း ဖြစ်သည် ။

ထိုသူသည် ​ခေါင်းကို နာနာဖွလိုက်သည် ။
ပါးစပ်ကလဲ ကျွတ်ခနဲတစ်ချက် စုတ်သပ်လိုက်​သေးသည်။

သက်ပြင်းလဲ ဖူးခနဲတစ်ချက် မှုတ်ထုတ်လိုက်သည် ။

သူသည် သရဲ​လေး ဝမ်ရိ​ပေါ် ဖြစ်ပါသည် ။
သရဲဖြစ်ထားသည်မှာ ​လေးနှစ်သာ ကြာ​သေး​သော သရဲ​လေး ဖြစ်သည်  ။

လူ့ဘဝက ​ကောင်းမှုကုသိုလ်​ကြောင့် ထင်၏။
သူ သရဲ ဖြစ်စကတည်းက ပုံမှန် သရဲ တို့နှင့်မတူ ထူးခြား​သော အ​ရောင်အဝါရှိသည် ။

ဒီ့အပြင် သူသည် ဝမ်မိသားစု၏ တစ်ဦးတည်း​သော ​မြေး​လေး ဖြစ်ပြီး ... အထူးသဖြင့် သူ၏ အဖွားက သူ့အား သိပ်ချစ်သည် ။

မည်မျှ​လောက် ချစ်သည်ဆိုလျှင် သူ​သေဆုံးပြီးချိန်မှ ​လေးနှစ်တိုင်​အောင် သူ၏ဓါတ်ပုံ​ရှေ့တွင် မနက်စာ ၊ ​နေ့လည်စာ ၊ ညစာတို့ကို အချိန်မှန်မှန် ​ကြွေးသည်။

အဝတ်အစား လှဲ​ပေးသည် ။
သူ့အခန့်အား ပုံမှန်သန့်​ရှင်း​ရေး လုပ်​စေသည်။

Dare you marry me ? (complete)Where stories live. Discover now