7

6.2K 933 51
                                    

နိုးထလာတဲ့ မနက်ခင်းတစ်ခုမှာ နတ်သား​လေးတစ်ပါးကို ​ပွေ့ဖက်ထားရတယ် ဆိုတဲ့ မနက်ခင်းမျိုး ကြုံဖူးကြလား ...  ။

.
.
.

မဖြစ်နိုင်​ပေမဲ့ ​ရှောင်ကျန့် အခုကြုံနေတာဘဲ ... ။

နတ်သား​လေးကို ဖက်ရက်သား သူ နိုးလာခဲ့တယ် ။

မဟုတ်ဘူး ... နတ်သား​လေးက သူ့လက်​​မောင်း​ပေါ် ​ခေါင်းအုံးပြီး ​ခွေ​ခွေ​လေး အိပ်​ပျော်​နေတာ ... ။

နိုးသွားမှာ ​ကြောက်လို့ ​ရှောင်ကျန့် လှုပ်တောင်မလှုပ်​ရဲ ... ​ပျောက်ကွယ်သွားမှာ​ကြောက်လို့ ​​ရှောင်ကျန့် မျက်​​တောင်ပင် မခတ်ရဲ့ ... ။

နှာဖျားလုံးလုံး​လေး​တွေနဲ့ မျက်​တောင်ပါးပါး​လေးနဲ့ နတ်သား​လေးက တအားလှတာဘဲ ... ။

ကြက်​သွေး​ရောင် ဝတ်စုံက​လေး ဝတ်ထားတာ​ကြောင့် အသား​ရေက ဖြူဆွတ်​နေတယ် ။

ကြက်​သွေး​ရောင် ဝတ်စုံက သူ့အိပ်မက်ထဲက ဝမ်ရိ​ပေါ် ဝတ်​နေကျ အ​ရောင် ...  ။

အဲ့တာ​ကြောင့် သူ့လက်​မောင်း​ပေါ် အိပ်​​ပျော်နေတဲ့ သူ​လေးက နတ်သားမဟုတ်တဲ့ သရဲလဲ ဖြစ်​နေနိုင်တယ်။

မထင်မှတ်ထား​ပေမဲ့ မနက်​စော​စောစီးစီး သရဲ​တွေ့တာက အလွန်အမင်း ကျက်သ​ရေ ရှိတာဘဲ ... ။

" ဟိ "

​ရှောင်ကျန့် ပြုံးရယ်လိုက်တယ် ။

သူ အ်ပ်မက်မက်​နေတာ မဟုတ်​ကြောင်း ​အောက်ထပ်က အဖွားဝမ်ရဲ့ အသံက သက်​​သေပြုတယ် ။

*ကျန့်ကျန့်​ရေ
ထမင်းစားကြရ​အောင် ... ဝမ်ဝမ်ကိုပါ ​ခေါ်ခဲ့ * တဲ့ ။

ဒီတစ်ခါ​တော့ ဒီစကားဟာ ချိုသွားတာဘဲ ... ။

ဒါဆိုရင်ဖြင့် ဝမ်ရိ​ပေါ်ဟာ သရဲအဖြစ် တကယ်ရှိတာ​ပေါ့ ... ပြီး​တော့ သူ့နား​​​ရှိ​နေခဲ့တာ​​ပေါ့ ... အခု သူ​တွေ့​နေရတာက ဝိဥာဥ်လေး​ပေါ့ ... ။

ဘယ်လိုက​နေ ဘယ်လိုဖြစ်လာရတယ်ဆိုတဲ့ အ​​ကြောင်းကို ​ရှောင်ကျန့် မသိချင်​တော့... ။

အ​ရေးကြီးတာက
သူလုပ်​နေတာက အကျိုးမဲ့ မဟုတ်​တော့တာဘဲ...။

Dare you marry me ? (complete)Where stories live. Discover now