31

4.3K 693 67
                                    

" ဆင်းလာခဲ့​လေ "

" ကျန့်​ကော ... ဒါ ဘယ်​နေရာလဲ "

" ကိုယ် မင်းကို ဒီ​နေရာကို ​ခေါ်ဖို့ စီစဥ်ထားတာ"

" ဟင် ... ဘာလို့ "

" ဒီ​နေ့က ကိုယ်တို့ လက်ထပ်တာ ၃လပြည့်​လေ"

" ဟင် ?"

ရိ​ပေါ် မျက်လုံး​တွေ ဝိုင်းစက်သွားတယ် ။

" ကျွန်​တော် သတိ​တောင် မထားမိဘူး "

" ကိုယ်​တော့ မှတ်ထားတယ် ...
အဲ့တာ​ကြောင့် မင်းကို ဒီကို ​ခေါ်လာတာ ... "

ရိ​ပေါ် ကြည့်လိုက်တယ် ။

အခု​ရောက်​နေတဲ့ ​ရိုးရိုး​လေးပါဘဲ ။

နေရာမှာ ခင်းကျင်းထားတဲ့ အစားအ​သောက်တွေ မရှိဘူး ။ ဝိုင်ခွက်လဲ မရှိဘူး ။ ပန်း​တွေလဲ မရှိဘူး ။

ခမ်းနားတဲ့ အပြင်အဆင်လဲ မဟုတ်​ပေမဲ့

​ရောင်စုံမီး​လေး​တွေ တလက်လက်လင်းနေတဲ့ မီးသီး​လေး​တွေရယ် ... ​စိုစွတ်​နေတဲ့ မြက်ခင်းပြင်​ရယ် ၊ရေမှုံ​မွှားတွေ ကျ​နေတဲ့ ​ရေပန်း​​လေးတွေရယ် ရှိတယ် ။

ခပ်တိုးတိုး သီချင်းဖွင့်ထားတယ် ။

*  Can't take my eye off you * တဲ့ ။

အရမ်း ပြည့်စုံ​နေတယ် ။

ပြီး​တော့ ​ဒီ​နေရာမှ သူတို့ နှစ်​ယောက်ထဲ ... ။

ကျန့်​ကောက ရိ​ပေါ်နား ကပ်လာတယ် ။

သူ့ရဲ့ ကုတ်အင်္ကျီ​လေး ခြုံ​ပေးပြီး ​​ပြောတယ် ။

" ရိ​ပေါ် "

" ကိုယ့်မှာ စိတ်ကူးတစ်ခု ရှိတယ် သိလား "

ရိ​​ပေါ် ​ခေါင်းခါပြ​တော့ ကျန့်​ကောက ပြုံးပြီး ဆက်​ပြောတယ် ။

" တစ်​နေ့ "

" ကိုယ် ချစ်တဲ့သူ ရှိလာလို့ရှိရင် ... "

" သူ့ကို ကိုယ့်အ​​ပေါ်အင်္ကျီ​လေး ခြုံ​ပေးပြီး ..."

"  မိုး​ရေထဲမှာ ​အတူတူ ပြေး​ဆော့ကြမယ်လို့​ပေါ့ ..."

" ကျန့်​ကော ! "

​ကျန့်​ကောက ရိ​ပေါ့်ကို ​ရေပန်း​​တွေအောက်ကို ဆွဲ​​ခေါ်လာတယ် ။ ရိ​ပေါ်က​တော့ ​ရေမစို​ပေမဲ့ ကျန့်​ကော အင်္ကျီစိုကုန်​ရော ... ။

Dare you marry me ? (complete)Where stories live. Discover now