8

5.7K 834 9
                                    

ရိ​ပေါ်က တစ်​ယောက်က တစ်​ယောက်ထဲ အခန်းထဲမှာ ရုပ်မြင်သံကြား ကြည့်​နေတယ် ။ ​ရှောင်ကျန့်က စာရင်း​တွေနဲ့ အလုပ်ရှပ်ရင်း ... ။

ဒီ​နေ့ဆို အလုပ်စလုပ်တာ ၁ ပတ် ... ။

​ရှောင်ကျန့် တစ်​နေ့တစ်​နေ့ လုပ်စရာ​တွေဘဲ တိုးလာတယ် ။ နည်းနည်း​လေး​​တောင် အမှားယွင်း မခံချင်တာမို့ ​သေချာ ကြိုးစားလုပ်​​နေရတယ် ။

ဝမ်ရိပေါ်က ဇိမ်ခံခုံ​လေးမှာ ထိုင်ရင်း ​ရှောင်ကျန့် အ​ကြောင်း​တွေး​နေတယ် ။ သူ့အတွက် မသက်မသာ ဖြစ်​စေတဲ့ အ​ခြေအ​နေ တစ်ခုကလဲ ရှိ​နေတယ် ။

အဲ့တာက ​ရှောင်ကျန့်ဘဲ ။ ဘာလို့ဆို တကယ့် အိမ်​ထောင်ဖက် အစစ်လို ဆက်ဆံ​နေတာ​ကြောင့် ... ။

တကယ်ဆို သူ အထီးကျန်​နေတာမို့ စကား​ပြော​ဖော်​လေးဘဲ လိုတာ​လေ ... ဒါ​ပေမဲ့ သူက... ။

မနက်ဆို ရိ​ပေါ် မနိုးခင် နိုးပြီး ရိ​ပေါ်ကို အပြုံးမျက်လုံး ​တွေနဲ့ နှစ်နှစ်သက်သက် ကြည့်​​​နေရတာမျိုး ... ။

ရိ​ပေါ်ဖြင့် အိပ်ယာနိုးရင် သူပြုံး​နေတာ အရင်မြင်ရတာ တစ်ပတ်ကြာပြီ ။

တစ်ခုခုဆိုရင်လဲ သူ့အ​ကြောင်း ​မေးတယ် ။ ဘာလိုလဲ ၊ ဘာလုပ်ချင်သလဲ ၊ ပျင်း​နေပြီလား ဆိုတာမျိုးကို အမြုပ်ထွက်အောင် ​မေးတယ်။

အလုပ်သွားခါနီးဆိုရင် ​ခေါင်းကို ဖွပြီး က​လေး​လေးလို လိမ်လိမ်မာမာ တဖဖွ ​နေဖို့ ​ပြော​တယ် ။

အလုပ်က​နေက ပြန်လာရင်လဲ အိမ်​ပေါက်ဝကတည်း​က ​ခေါ်လာတာ သူ့နာမည် ... သူ့ကို ​တွေ့​တော့မှ စိတ်​အေးသွားသလို ပြုံးတယ် ။

ပြီးရင် ​ခေါင်းကို ဖွတယ် ။

စာရင်း​တွေ​ကြောင့် မျက်ခုံး​တွေ တွန့်ချိုးပြီး သူအလုပ်ရှုပ်​နေရင်​​တောင်မှ သူ့ကို မြင်ရင် အားရပါးရ ပြုံးပြပြန်​ရော ... မ​တွေ့ရင်လဲ အတင်းကာ​​​ရော လိုက်ရှာပြန်​ရော ... ။

ဒီ​ရှောင်ကျန့်က တစ်မျိုး​တော့ တစ်မျိုးဘဲ ။
​ဟော ... အခုလဲ သူကို ရွန်းရွန်း​ဝေ ပြုံးပြ​နေပြန်ပြီ။

Dare you marry me ? (complete)Where stories live. Discover now